ညီလေးပေါ့ သန့်ထင်ဝေဆိုတာ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တဲ့သူတစ်ယောက် ဆယ်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီးအပြင်က ဆေးတက္ကသိုလ်အမှတ်မီလို့ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်လုပ်ဖို့ဝိုင်းပြောကြပေမယ့် ဆရာဝန်လည်းလုပ်မယ်၊စစ်သားတစ်ယောက်အဖြစ်လည်း တိုင်း ပြည်ကို ကာကွယ်မယ်လို့ဆုံးဖြတ်ပြီး ပင် ပန်းလှတဲ့ တပ်မတော်ဆေးတက္ကသိုလ်ကို ရွေးခဲ့တယ်။
ဆရာဝန်တစ်ယောက် တတ်အပ်သောပညာတွေကို သင်ယူရင်း ပင်ပန်းဆင်းရဲလှတဲ့ စစ်ပညာတွေပါ သင်ယူလေ့ကျင့်ဖြတ်သန်းပြီးနောက် စစ်ဗိုလ်ဆရာဝန်ဖြစ်လာခဲ့တယ်။
သူနဲ့ဆယ်တန်းတုန်းက သူငယ်ချင်းတွေဂျူတီကုတ်ဖြူဖြူလေးဝတ်၊ နားကြပ်ကလေးချိတ်ပြီး မြို့ကဆေးရုံတွေမှာ ပြည်သူလူထုကို စောင့်ရှောက်ပေးနေသလို၊ သူကလည်းတာဝန်ကျရာ ဒေသတွေ၊ တောတောင်တွေကို ဆေးပစ္စည်းတွေပါတဲ့ခြင်းတောင်းထမ်း ပိုးရင်း ကိုယ်ပိုင်အသုံးအဆောင်အဝတ် အထည်တွေ လျှော့ထည့်ရင်းဖြစ်သလိုနေ၊ ဖြစ်သလိုစားလို့ စစ်ကြောင်းနဲ့အတူ ချီတက်လိုက်ပါခဲ့တာ အကြိမ်ကြိမ်ပါ။
ရည်မှန်းချက်ခရီးကို ဆေးပစ္စည်း၊ လက် နက်ခဲယမ်းအလေးအပင်ပစ္စည်းတွေနဲ့ အတူ တူချီတက်ကြပြီး အနားမယူနိုင်ဘဲ သူ့ရဲ့ရဲ ဘော်ရဲဘက်တွေ နေမကောင်း၊ ဒဏ်ရာ ဒဏ်ချက်တွေကို ဆေးကုစောင့်ကြည့်ပေးရင်း အိပ်ပျက်ညပေါင်းများစွာနဲ့ပေါ့။
မြို့က သူငယ်ချင်းဆရာဝန်တွေ မဟာတန်းအတွက် စာတွေကျက်ပြီးပြင်ဆင်နေကြချိန်မှာ သူကတော့ အခြားသာမန်ဆရာဝန်တွေမရောက်တဲ့ဒေသတွေက ဆင်းရဲလှတဲ့ တိုင်း ရင်းသားပြည်သူလူထုကို အကြိမ်ကြိမ် ဆေးကုသပေးရင်း ဘဝကို ပျော်မွေ့နေခဲ့မိတယ်။
တခါတစ်ရံကျတော့လည်း သူရဲ့ရင်တွင်းခံစားချက်ကဗျာတွေ၊ စာတွေကို လိုင်းမိတဲ့နေရာရောက်ရင် အွန်လိုင်းပေါ်တင်ရင်း စိတ်ဖြေတတ်တယ်။
တနေ့တော့ သူပါဝင်တဲ့စစ်ကြောင်းနဲ့ ရန်သူတွေ တိုက်ပွဲဖြစ်ပြန်တယ်။ ခါတိုင်းဖြစ်တဲ့တိုက်ပွဲတွေထက် ပိုပြီးပြင်းထန်သလိုကျည် ဆန်တွေ၊ လက်နက်ကြီးကျည်တွေဟာ ငရဲပွက်တဲ့အလား ပစ်ကြခတ်ကြတယ်။
ကိုယ့်ရဲဘော်ရဲဘက်တွေလည်း ခါတိုင်းထက်ကို အထိအခိုက်များလာတယ်။ တချို့အရာရှိ၊ စစ်သည်တွေ ကျဆုံးကုန်သလိုတချို့လည်း ဒဏ်ရာဒဏ်ချက်တွေကြောင့် သွေးအလိမ်းလိမ်းနဲ့ ညည်းတွားနေကြသလိုတချို့လည်း ဒဏ်ရာကို အံကြိတ်ခံရင်း ကျန်သမျှ အားအင်နဲ့မျက်စိတွေပြာဝေလာတဲ့အထိ သတိမလစ်မချင်း ဆက်ပြီးခံတိုက်နေတုန်းဘဲ။
သူနဲ့ဆေးအဖွဲ့လည်း ဒဏ်ရာရတဲ့စစ်သည်တွေကို တက်ဆွဲလိုက် အရေးပေါ်ကုသပေးရင်းနဲ့ လူနာတွေရဲ့သွေးတွေ၊ သူတို့ရဲ့ချွေးတွေ ယမ်းခိုးညှော်နဲ့တွေနဲ့ လက်မလည်အောင် လုပ်နေရတယ်။
ဗိုလ်ကြီး ရှေ့မှာ ဒဏ်ရာရတဲ့သူတွေတက်ဆွဲတာ ရန်သူတွေက တအားဖိပစ်နေလို့ ဆွဲမရဘူးဖြစ်နေတယ်။ သေနတ်သံ ဗုံးသံတွေကြားမှာ အော်ပြောတဲ့အသံကို ခပ်တိုးတိုးကြားရရင်း ရတယ်. ကျနော်ပါတက်ဆွဲမယ်ကာပစ်ပစ်ပေးထားလို့ပြောအပြီး သူပါပြေးတက်ဆွဲတယ်။ လူနာကို ရအောက်တက်ဆွဲအပြီး ပြန်ရောက်လာတဲ့သူ ဒီတစ်ခါ ပိုပြီးနှေးကွေးလာသလိုဘဲ. ပိုပြီးမောလာသလိုလို။
ဟာ..ဗိုလ်ကြီးလည်း ထိလာပြီဘဲ။ ဘာတွေပြောမှန်း မသိနိုင်တော့တဲ့ စကားလုံး တချို့တီးတိုးရေရွတ်မှာကြားရင်း
သူ့တို့တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်ရဲဘက် တွေကို မြင်နေရတယ်။ ဒဏ်ရာရတဲ့ စစ် သည်တွေကို လိုက်ပြီး အားပေးနေမိတယ်။ ဟိုမှာ ဒဏ်ရာနဲ့လဲနေတဲ့ စစ်သည်တစ်ယောက်အားပေးဖို့သူအသွား ဘုရားရေ.. အဲဒါ ငါကိုယ်တိုင်ပါလား..ပက်လက်လဲနေတဲ့ အသက်မဲ့ခန္တာကိုယ်နဲ့သွေးတွေ အိုင်နေပြီးအေးစက်ခဲပျစ်လာနေပါလား။
နောက်တော့. နောက်တော့ သူအပါအဝင် အရာရှိ၊ စစ်သည်အချို့ကို မြေကျင်းတွေနှုတ်ခမ်းမှာတင် .နိုင်ငံတော်အလံလွှမ်းထားပြီး အမိန့်စာတွေပြန် သေနတ်တွေဖောက် အလေးပြုနေကြတာကို သူတို့တွေ့နေရတယ်။
ရဲဘော်တို့ သင်တို့ဟာ...
ဒါ့ကြောင့် သင်သွားလိုရာ သွားနိုင်ပါပြီလို့ပြောတဲ့အသံလည်း ကြားမိလိုက်တယ်။
အဝေးက သူချစ်တဲ့ မိဘ နဲ့ ချစ်သူတို့ရဲ့ ရှိုက်ငိုသံတွေလည်း သူမြင်ရကြားနေရတယ်။ မငိုပါနဲ့ အမေနဲ့ချစ်သူ။ ကျနော်ဒီမှာရှိနေပါတယ်။ ဂုဏ်ယူလိုက်စမ်းပါလို့ သူအော်ပြောပေမယ့် ဟိုက မကြားကြဘူး။
ဆရာတော်တွေနဲ့ ဆွမ်းသွပ်အမျှဝေနေတာလည်း တွေ့ရပြန်တယ်။
သာဓုခေါ်ရင်း သူရဲ့အဖြူရောင်ဝိဥာဉ်အငွေ့တန်းလေး အလင်းရောင်ရှိရာ အမြင့်တနေ ရာသို့ ရွေ့လျားမျောပါသွားလေရဲ့။
ဟိုး အပေါ်မှာက သူ့ကို ပြုံးကြည့်ရင်း
ဗိုလ်ကြီးမွန်ထော်သက်ညွန့်က
(၁၉၄၉ ခုနှစ်တွင် ကျဆုံးခဲ့သည့် ဆေးမှူးဗိုလ်ကြီး) သူ့ကို လက်ကမ်းလှမ်းခေါ်နေတယ်။
ခုတော့ သူရဲ့အကောင့်လေးက ကဗျာတွေ ၊ စာတွေ ထပ်မမြင်ရတော့..သူ့အကောင့်လေး မီး မစိမ်းတော့ပါ။
crd***ဝေလဲမွှေး ကြွေလဲမွှေး
#JBT
Post a Comment