မှန်ပါပေတယ်...

ဒီပုံကိုမြင်တော့ ကျုပ်တို့ရွာက ကိုတုတ်ကြီးကိုသွားသတိရမိတယ်...


ကိုတုတ်ကြီးဆိုတာ တစ်ချိန်တုန်းက ရွာမှာတစ်ရွာလုံးရဲ့ခိုင်းဖက်...တစ်ခုခု ခိုင်းစရာရှိရင် ကိုတုတ်ကြီးကိုပဲ ခေါ်ခိုင်းကြတာ...ခိုင်းပီးရင်တော့ မုန့်ဖိုးလေး ဘာလေးပေးပေါ့ဗျာ...ကိုတုတ်ကြီးက ဗလကလဲရှိ...ဇလေးကလဲမသေးတော့ လူငယ်တွေကလဲ ကိုတုတ်ကြီးကိုဆို မြှောက်ပင့်ချော့ပေါင်းနေကြရတာပေါ့...ရွာရဲမျက်နှာဖုံးဆိုသူတွေကလဲ ခိုင်းရတာလဲ ဖင်ပေါ့...မြှောက်ပေးရင်လဲ ဂွေးတက်အောင် က တတ်တော့  တုတ်ကြီးကို ဆို မုန့်ဖိုးလေးဘာလေးပေးပြီးခိုင်းရတာ အဆင်ပြေနေကြတာပေါ့...
အဲ့ဒီအတိုင်းနေလာကြတာ တုတ်ကြီးရဲ့ ဘဝအပြောင်းအလဲက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ စဖြစ်တော့တာ...တစ်ရွာလုံးခိုင်းဘက်တုတ်ကြီးတစ်ယောက်ကို ရွာထဲမှာရှိတဲ့ အနီတစ်သိုက်က ပဒက်ဗိုလ်ဆိုပြီး ခန့်လိုက်တာကနေ စတော့တာပဲ...
တစ်ချိန်က တစ်ရွာလုံးရဲ့ခိုင်းဖက်...ပေးတာယူကျွေးတာစားနေရတဲ့ဘဝကနေ ပဒက်ဗိုလ်ဆိုပြီး သေနတ်လေးကရလာတော့ တစ်ချိန်ကသူ့ကိုခိုင်းနေကြတဲ့ ရွာမျက်နှာဖုံးတွေကစ သူ့ကိုကြောက်လာရတာပေါ့...တုတ်ကြီးတစ်ခုခုလိုပြီဆို ချက်ချင်းပေးကြရတာ...မပေးရင်လဲ တုတ်ကြီးဆီမှာ သေနတ်ရှိတော့ ဒလန်ဆိုပြီး အသတ်ခံရမှာလဲကြောက်တော့...
ငွေလိုရင်ငွေ...ရွှေဆိုရင် ရွှေပေါ့...တုတ်ကြီးက ကြက်သားစားချင်တယ်ဆို သူ့တပည့်တွေက ရွာထဲကတွေ့တဲ့ကြက် ပစ်သတ်ချက်စား...ဝက်ဆိုရင်ဝက်...နွားဆိုရင်လဲ နွား...ဘဝအပြောင်းအလဲတွေမြန်ချက်...
အဲ့ဒီလိုနဲ့ တုတ်ကြီးတို့သာယာနေတာ စစ်ကြောင်းတွေလာရင်ပြေး...စစ်ကြောင်းပြန်သွားရင် ဗိုလ်ပြန်လုပ်...လိုင်းပေါ်တင် အလှူခံ...ရွာထဲကတွေ့ရာ ပစ္စည်း သူ့ပစ္စည်းပေါ့...တော်လှန်ရေးဆိုတာကြီးပြီးသွားမှာ တုတ်ကြီးတို့လို တစ်ချိန်က သူများခိုင်းဖက် ဘဝကနေ သေနတ်ကိုင်အကြမ်းဖက် လိုတိုင်းတ ရနေတဲ့ တုတ်ကြီးတို့လို လူတွေ ထိပ်ဆုံးကပေါ့...

ဒီအချိန်မှာ ဦးရွက်ဆစ်ပြောတာလေး သွားသတိရမိတယ်...pdfဆိုတာ တစ်ချိန်ကျရင် လက်နက်ကိုင် ဓါးပြဖြစ်လာမယ်ဆိုတာပါပဲ...မှန်ပါပေတယ်...

Post a Comment

Previous Post Next Post