နင်းခြေခံ ဖာပွန်


ယနေ့ ဇွန်လ ၁၄ ရက် မနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ သစ်တောဉီးစီးဌာနရုံးအား အကြမ်းဖက် KNU /PDF အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့၍ အဆောက်အဉီတစ်ခုလုံးနီးပါး ပျက်စီးခဲ့သည်..
ဝန်ထမ်းများမရှိသည့်အတွက် လူထိခိုက်မှုတော့မရှိပါ..

၂၀၁၀ ခုနှစ်နောက်ပိုင်း ဖာပွန်နယ်တွင် ငြိမ်းချမ်းမှုရရှိခဲ့ပြီး အုပ်ချုပ်မှုဌာနဆိုင်ရာ အဆောက်အဉီများ၊ လမ်းများ၊ တံတားများအား အစိုးရမှ ဆောက်လုပ်ပေးခဲ့ပြီး ဖာပွန်နယ် ဖွံဖြိုးတိုးတက်လာခဲ့သည်...
ဘီးလင်းမြို့မှ ကားနှင့်ဆိုင်ကယ်များ နေ့ချင်းပြန်သွားနိုင်အောင် တိုးတက်ခဲ့သည်။

ဒေသခံများစိုက်ပျိုးသော ဒူးရင်း၊ ကြက်မောက်၊
ဓညင်း၊ ရှောက်သီး စသည့် ဉယျာဉ်သီးနှံများလည်း မြို့ကြီးများသို့ တင်ပို့ရောင်းချနိုင်သဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာလည်း ပူပင်စရာမရှိခဲ့ပါ...

၂၀၂၁ အာဏာထိန်းတာကို အကြောင်းပြပြီး KNU အဖွဲ့၏ ဖာပွန်နယ်တွင် တံတားချိုး၊ လမ်းဖျက် အကြမ်းဖက်လုပ်ရပ်များကြောင့် ဖာပွန်မြို့သည် တောခေါင်ခေါင်သဖွယ် ဖြစ်လာခဲ့သည်..
ဝန်ထမ်းများလည်း မနေရဲကြတော့...
စီးပွားရေးသမားများလည်း မသွားရဲကြတော့..
အဆိုးဆုံးက ကတ္တရာလမ်းများကို အချင်း ၁၀ ပေ
ခန့်ရှိသော ချိုင့်ကြီးများဖြစ်အောင် မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒီလိုဒေသမှာနေကြသည့် ပြည်သူများ၏ဘဝကိုတော့ တွေးကြည့်တာနဲ့ပင်နားလည်နိုင်သည်..
ငြိမ်းချမ်းသွားဉီးတော့ ဒေသဖွံ့ဖြိုးရေးကို အစကပြန်စရမည်မှာ တိုင်းပြည်အတွက် နစ်နာလွန်းလှသည်။
Saw Ba Maung

Post a Comment

Previous Post Next Post