မသိလို့ မေးပါရစေ။ လက်သုံးချောင်းထောင်ပြီး စားလိုက်သောက်လိုက် လုပ်နေရုံနဲ့ တော်လှန်ရေးက အောင်သွားရောလား။
ဒီလူကြီးတွေက စားပြလိုက်၊ သောက်ပြလိုက်၊ ကလေးတွေ နိုင်ငံခြားမှာ ကျောင်းထားလိုက်၊ မီနီမတ်တွေဖွင့်လိုက်၊ အလှူခံလိုက်၊ ဘွန်းရောင်းလိုက်၊ ထီရောင်းလိုက်၊ ပရောဂျက်တွေ ချပြလိုက်နဲ့။
မကြာမကြာလဲ တော်လှန်ရေး အောင်နေပြီဆိုပြီး ထထ အော်တတ်ကြသေးတယ်။ ကျွန်တော့်အမြင် ပြောရရင် တော်လှန်ရေးက နှစ်ပိုင်းကွဲနေတယ်။
တော်လှန်ရေး သခင်နဲ့ ကျွန်ပေါ့။ သခင်တွေက ပြည်ပမှာ သာသာယာယာ တောင်းရမ်းစားသောက်ပြီး ကျွန်တွေက စစ်မြေပြင်မှာ ခွေးသေဝက်သေ သေနေကြရတယ်။ #dgf21news
Post a Comment