မုန်တိုင်းမတိုက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှု၊ ကြိုတင် သတိပေးမှုတွေကြောင့် မုန်တိုင်းတိုက်တဲ့အခါ လူအသေအပျောက် အထိအခိုက်နည်းပါးခဲ့တယ်။ မုန်တိုင်းတိုက်ခတ်ပြီး ပြန်လည်ထူထောင်ရေးကာလတွေမှာ ကူညီဖို့အတွက် ရဲတပ်ဖွဲ့တွေ၊မီးသတ်တွေတပ်ဖွဲ့တွေ ၊ ကျွမ်းကျင်ပညာရှင်တွေ တစ်ဖွဲဖွဲရောက်လာပြီး လုပ်စရာရှိတာ မြန်မြန်ဆန်ဆန်လုပ်ခဲ့တယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မြန်ဆန်ဖို့အတွက် မြို့တစ်မြို့ကို တစ်ဦးတာဝန်ပေးအပ်ပြီး ဆောင်ရွက်ခဲ့တယ်။ စားသောက်ကုန်တွေ၊ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဥ်တွေ သင်္ဘောတွေနဲ့ အခေါက်ခေါက်အခါခါ ပို့တယ်။
မြေပြင်တကယ်အမှန်ကို ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ဖို့ ကွင်းဆင်းလုပ်ဆောင်နေတယ်။ မုန်တိုင်းတိုက်ခတ်ပြီး ၁ လမပြည့်ခင်အချိန်မှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့တွေမှာ လျှပ်စစ်မီးပြန်ရအောင် လုပ်ဆောင်ပေးထားနိုင်ပြီ။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် နကစရဲ့ ကူညီကယ်ဆယ်ရေးဟာ ထိရောက်သလား?မထိရောက်ဘူးလားဆိုတာ မေးစရာမလိုတဲ့ ကိစ္စပါ။
Post a Comment