မြန်မာပြည်တွင် ခရစ်ယာန်ပရဟိတအမည်ခံ စစ်မီးမွှေးနေသော အမေရိကန်စစ်ပြန် David Eubank ဦးဆောင်သည့် Free Burma Rangers (FRB) 👇👇👇👇👇

Free Burma Rangers (FBR) 
အဖွဲ့ဆိုတာ အမေရိကန်စစ်သားဟောင်း David Eubank(ဒေ့ဗစ် ယူဘဏ်ခ်)ဦးဆောင် ဖွဲ့စည်းထားသည်။

နိုင်ငံရေး မတည်ငြိမ်သည့် ဒေသများဖြစ်သော မြန်မာ၊ ဆူဒန်၊ ဆီးရီးယား တို့တွင် အခြေစိုက်၍ စီးပွားရှာနေသော Third Party (INGO)ကြေးစား အဖွဲ့အစည်း တစ်ခုဖြစ်သည်။

မျိုးချစ်အမေရိကန် ခရစ်ယာန် သာသနာပြုအဖွဲ့အစည်း တချို့၏ ‌ထောက်ပံ့မှုဖြင့် နိုင်ငံရေး မတည်ငြိမ်သော ဒေသများတွင်-

၁ - ခရစ်ယာန်ဘာသာ ပြန့်ပွားရေး။

၂ - ကြေးစားစစ်သား စုဆောင်းရေး။

၃ - နိုင်ငံတကာ အထောက်အပံ့များ
ကို အခကြေးငွေ- ဝန်ဆောင်မှုဖြင့်
ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင်
ဖြန့်ဖြူးရေး။

၄ - အခကြေးငွေဖြင့် လက်နက်ကိုင်
အဖွဲ့များကို Medical Cover ပေးခြင်း။

၅ - ထို မတည်ငြိမ်သော ဒေသမှ ‌စစ်ဘုရင်များ၊ မူးယစ်ရာဇာများ၊ မှောင်ခိုဂိုဏ်းများ၊ ငွေကြေးချမ်းသာသူများ၏ ငွေမဲများကို  Money
Laundering ငွေကြေးခဝါချမှု
နှင့်(ပိုင်ဆိုင်မှုငွေကြေး )-နိုင်ငံပြောင်းရွှေ့
စီမံမှု ဝန်ဆောင်မှု ပြုလုပ်ပေးခြင်း ။

၆ - လက်နက်မှောင်ခိုပွဲစား ပြုလုပ်ခြင်း။

၇ - အနောက်နိုင်ငံများနှင့် ချိတ်ဆက်၍ ငွေကြေးဖြင့် နိုင်ငံရေး ခိုလှုံခွင့်ရရန် အကျိုးဆောင် ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းဖြစ်သည်။ 


ကမ္ဘာ့နိုင်ငံများ၏ ပြည်တွင်းရေး မငြိမ်သက်မှုများကို အခွင့်ကောင်းယူ၍ စီးပွားရှာသော စစ်ပြန် အမေ
ရိကန် စစ်သားဟောင်းကြီးများ၏ ဂွင် ဖြစ်သည် ။


FREE BURMA RANGERS လိုမျိုး ကူညီရေး CHARITY ( လိုင်စင် 501 (C) 3 ) ရရှိပြီး ကမ္ဘာအနှံ့ ဂွင် ရှာနေသော ကြေးစား အဖွဲ့အစည်းများစွာ ရှိသည်။


ထိုအဖွဲ့အစည်းများ၏ ဝင်ငွေမှာ တစ်နှစ်လျှင် မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်း အထက်ရှိပြီး FBR ၏ ဝင်ငွေမှာ(အခွန်ဆောင်) တရားဝင်ဖော်ပြချက်အရ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ 2.5 သန်း ခန့်ရရှိသည်။


အမေရိကန် တပ်မတော်၏ Expired ဖျက်သိမ်းမည့် လက်နက်ငယ်များကို တတိယ နိုင်ငံများ ( THIRD WORLD COUNTRIES )၊ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများသို့ ပြန်လည်ရောင်းချခြင်းမှ အမေရိကန်နိုင်ငံ တပ်မတော်အတွက် အခွန်ငွေကြေးများစွာ ရှာဖွေပေးသော အဖွဲ့အစည်းများ ဖြစ်သည် ။

မေတ္တာ၊ စေတနာ ကြောင့် ကူညီပေးနေခြင်း မဟုတ်ဘဲ အမေရိကန် စစ်သားဟောင်းများ၏ အလုပ်အကိုင် အခွင့်အရေးရရှိခြင်း၊ အမေရိကန် နိုင်ငံအတွက် အခွန်အခ၊ ပုဂ္ဂလိက ဆိုင်ရာ အကျိုးအမြတ်များစွာ ရရှိနေခြင်းကြောင့် ဖြစ်သည်။

" မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ " ဆိုသော စကားလို၊ CIA ၏ လက်အောက်ခံ ပြဿနာ ပွဲစားများသာ ဖြစ်သည်။

ဗဟုသုတ အနေဖြင့် ရေးလိုက်ပါသည်။
စာဖတ်ခြင်းမှ ဗဟုသုတ များစွာ ရရှိနိုင်
ပါသည်။ မိမိရေးသားချက်များကို အင်တာနက်တွင် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။

ယခုအခါ FBR အဖွဲ့သည်  ကယားပြည်နယ် KNDF နှင့် ကရင်ပြည်နယ် ကရင်သူပုန်အဖွဲ့ပေါင်းစုံအား လိုအပ်သည့် လက်နက် ခဲယမ်း စစ်ဝတ်များကို CIA ၏ ထောက်ပံ့မှုများဖြင့် အမေရိကန်
စစ်ပြန် ကြေးစားစစ်သားများဖြင့်  စစ်ရေးလေ့ကျင့်မှုများကို အဖွဲ့များခွဲပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးရင်း နယ်ချဲ့လာနေပါသည်။

ကရင်နှင့် ကယားပြည်နယ်ဘက်တွင် စစ်မီးများတောက်လောင်လာနေသည်မှာ ယခုဆိုလျှင်  ကျေးရွာမြို့ပြနေရာ အတော်များများ  ဖွတ်ဖွတ်ညက်ညက်ကြေကုန်ပြီဖြစ်လေသည်။      

FBRအဖွဲ့မျောက်ဖြူများလည်း သေကြေ ဒါဏ်ရာတွေရကြသည်မှာ မနည်းပေ။ Sniper Gun ပစ်ခတ်ခြင်းနှင့် Drone ယာဥ်တွင် ၆၀မမ ဗုံးသီး ၆လုံးအထိ ချိတ်ဆွဲပြီး Target  ပစ်မှတ်များ
ကို  Drop Bomb ချခြင်းသင်ခန်းစာကို 
သင်ကြားပေးထားသဖြင့် အတော်ခရီးပေါက်နေသည် မဟုတ်ပါလား။

ဘာပြောပြော ကယားပြည်နယ်မှာ ဇီးရွက်ခန့်သာ ကျယ်ဝန်းလေသည် ဖြစ်ရာ ယနေ့အချိန်အခါတွင်   မြို့နယ်အတော်များများ ပျက်စီးကုန်ပြီဖြစ်လေသည်။

ကရင်ပြည်နယ်ဘက်တွင်လည်း အမေရိကန် သြဇာခံထိုင်းအစိုးရ ပေါ်ပေါက်လာမည်အထင်နှင့်အင်အားများစုဖွဲ့ပြီး မြဝတီခရိုင် ကော့ကရိတ်ခရိုင်များဘက်
တွင် စစ်မီးမွှေးရန် ကရင်ငပွေးပဒက်များမှ  ဟန်ရေးတပြပြလုပ်နေသည်ကို နောက်ဆုံးရသတင်းများ ကြားသိနေရပြီဖြစ်လေသည်။

ကဲ   ကရင်/ကယား ပဒက်လေးတွေရဲ့ မိုက်တွင်း ဘယ်လောက်ဆက်နက်ဦးမလဲ၊ FBR ကြေးစားပြည်ပသူပုန်အဖွဲ့နဲ့ လက်တွဲပြီး ကွန်ဖက်ဒရိတ်အိမ်မက်ကို  အကောင်အထည်ဖေါ်ပါ့မလား  ဆိုတာ
ကတော့  စစ်သတင်းများ ဆက်စောင့်ပေးပါရန် တင်ပြအပ်ပါသည်။


#Dr.Aung Myo

Post a Comment

Previous Post Next Post