ရန်ကုန်၊ ဇွန် ၉
၂၀၂၂-၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မဖြေဆိုလိုက်ရသူများ နှင့် စနစ်ဟောင်း ၉ တန်း(Grade 10)နှစ်ကျ ကျောင်းသားများ စနစ်အသစ် အတန်းတက်လိုပါက ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရသည်။
၂၀၂၂-၂၃ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြေဆိုသော၊ ကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများ သည် ကိုယ်တိုင်လေ့လာ၍ သော်လည်းကောင်း၊ ပြင်ပသင်တန်းများ တက်ရောက်၍ သော်လည်းကောင်း လေ့လာသင်ယူပြီး Grade 12 သင်ရိုးသစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုနိုင်ကြောင်း ဖော်ပြထားသည်။
Grade 10 (ကိုးတန်း) အဖြစ် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများသည် ဝင်ခွင့် ဖြေဆို အောင်မြင်ပါက Grade 11 ကို တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများက ဝင်ခွင့်ဖြေဆို အောင်မြင်ပါက Grade 12 သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ယခု ပညာသင်နှစ်တွင် စနစ်သစ်ပညာရေးဖြစ်သည့် Grade 12 အထိ တက်ရောက်ရမည့် ပညာရေးစနစ်ကို စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာရေးစနစ်သစ်တွင် သူငယ်တန်း(KG ) အဆင့်ပြီးပါက မူလတန်းအဆင့်အဖြစ် ပထမတန်း (Grade1) မှ ပဉ္စမတန်း(Grade5)အထိ (၅)နှစ် တက်ရောက်ရမည်ဖြစ်ကာ အလယ်တန်းအဆင့်ကို ဆဋ္ဌမတန်း (Grade 6) မှ နဝမတန်း (Grade 9)အထိ (၄)နှစ်နှင့် အထက်တန်းအဆင့်ကို ဒသမတန်း (Grade 10)၊ ဧကဒသမတန်း (Grade 11)နှင့် ဒွာဒသမတန်း (Grade12) အထိ (၃) နှစ်တတ်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
ရာမညတိုမ်း(တိုမ်း)-သတင်းအေဂျင်စီ
Yarmanya Times

Post a Comment