တပ်မတော်ကိုလည်း ဖားနေစရာမလိုဘူး
ပါတီတွေကိုလည်း အားပေးနေစရာမလိုဘူး
တပ်မတော်ဆိုတာက
သူကာကွယ်ရမယ့်အရာဟာ သူ့တာဝန်
ပါတီတွေက သူတို့အာဏာရဖို့ သူတို့အလုပ်
National Force
တပ်မတော်ဟာ အမျိုးသား အင်အားစုကြီးဖြစ်လို့
လိုအပ်လာရင်တော့ ဝန်းရံသင့်တဲ့အရာ
ပါတီတွေဟာ
ကိုယ့်နိုင်ငံအကျိုးစီးပွား ကိုယ့်အမျိုး ဘာသာ
သာသနာအပေါ်မှာ အမှန်တကယ်
စွမ်းဆောင်လိမ့်မယ်လို့ယူဆခဲ့ရင်
ဆန္ဒမဲပေးရုံနဲ့တင် တာဝန်ကျေတယ်
သူတို့ဆိုတာက လူတစ်စု တစ်ဖွဲ့
Nationalism
နိုင်ငံချစ်စိတ်ဓါတ် သူ့ကျွန်မခံစိတ်ဓါတ်
အမျိုးသားလွတ်လပ်ရေးစိတ်ဓါတ် ဆိုတာက
ဘယ်ခေတ် ဘယ်အခါမျိုးမှာဘဲဖြစ်ဖြစ်
ထာဝရ ဖြစ်တည်နေရမယ့် စိတ်ဓါတ်မျိုး
အမျိုးသားသစ္စာဖောက်တွေဆိုရင်
အစိုးရတင်မက ဘယ်သမ္မတဖြစ်ဖြစ်
ဘယ် စစ်ဦးစီးချုပ်ဖြစ်ဖြစ် ဆန့်ကျင်ပြစ်ရမယ်
တော်လှန်ရဲရမယ်
တပ်မတော်ဆိုတာ သီးခြားတည်ထောင်ထားတဲ့
အဖွဲ့အစည်း Institution တစ်ခု
သူ့ကိုမထောက်ခံလည်း သူ့အလုပ်သူလုပ်မှာဘဲ
၁၃၅ မျိုးစလုံး စုပေါင်းဖွဲ့စည်းထားတာ
လိုအပ်လာမှ သူနဲ့ပူးပေါင်းတိုက်ခိုက်ရမှာ
ပြည်ဖျက်ပါတီပေါ်ပေါက်လာလို့သာ
တပ်မတော်ကို ဝန်းရံနေကြရတာကို
ဘောမ,ဘာညာပြောကြတာက ပြည်ဖျက်တွေရဲ့
အလိုကျဘဲ
ကျွန်သဘောက်တွေရဲ့ အယူအဆ
မြန်မာပြည်တည်ထောင်ခဲ့တာ
ဘယ်နိုင်ငံရေးသမားမှမပါဘူး
ပုဂံရာဇဝင် ကနေ ကုန်းဘောင်အဆုံးအထိကြည့်
မြန်မာပြည်လွတ်လပ်ရေးရခဲ့တာလဲ
အမျိုးသားရေးစိတ်ဓါတ်ကြောင့်ဘဲ
ဝံသာနု စိတ်ဓါတ်ဆိုတာ ဒါကိုပြောတာ
နိုင်ငံရေးသမားမှန်ရင်
အမျိုးသားရေးစိတ်ကိုအခြေမခံဘဲနဲ့
ဘယ်တော့မှ မအောင်မြင်နှိုင်ဘူးဆိုတာကို
လီကွမ်ယု ဆိုစကားတွေဟာ သက်သေပါဘဲ
ဒီနေ့ မြန်မာပြည်ကိုဖျက်ဆီးနေတာ
နိုင်ငံတကာ ကျွန်တွေပါ
ဘာနိုင်ငံရေးသမားမှမဟုတ်ဘူး
ဒါကြောင့်
အနောက်ကမြှောက်စားတဲ့နိုင်ငံရေးသမားဆိုရင်
ကျွန်စော်နံလို့
တစ်ယောက်မှကိုမမြင်လိုဘူးလို့ဆိုခြင်ပါတယ်။
Nationalism 🇲🇲
Min Nanda
Post a Comment