NLD အစိုးရရဲ့ စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်ဟာ ဒီနေ့မနက်က ပြန်လွတ်လာပြီလို့ သိရပါတယ်။
ဦးဆက်အောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ အကြံပေး မစ္စတာရှောင်တာနဲလ်တို့အတူ အစိုးရလျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံရပြီး မနှစ်က စက်တင်ဘာလမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတာပါ။
ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုလိုက်တဲ့နောက် ဒီနေ့ ဇွန်လ ၂ ရက်မှာတော့ ဦးဆက်အောင်က ပြန်လည်လွတ်မြောက်လာခဲ့တာလည်းဖြစ်ပါတယ်။
သူနဲ့အတူ တရားစွဲခံရသူတွေအနက် ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ရှောင်တာနဲလ်တို့က လွတ်မြောက်ထားပြီးသားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းပဲ ဆက်လက်ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
#Mercury_Media
#YMM
Post a Comment