NUG ရဲ့လက်နက်တွေနဲ့ ဓါးပြတိုက်နေတဲ့ PDFများ


မြောက်ဥက္ကလာရွှေဆိုင်ဓါးပြတိုက်မှုမှာ ဖမ်းဆီးရမိခဲ့တဲ့အကြမ်းဖက်သမားတွေသုံးတဲ့လက်နက်တွေကိုကြည့်ရင် အကောင်းစားလက်နက်ခဲယမ်းတွေအသုံးပြုတာကိုတွေ့ရမှာပါ။
-

ဒီလက်နက်ခဲယမ်းတွေ ရန်ကုန်ကို ရောက်လာရခြင်းရည်ရွယ်ချက်အစကဓါးပြတိုက်ဖို့တော့ မဟုတ်​​ပါဘူး။ မြို့ပြပျောက်ကျားဆိုတဲ့အဖွဲ့ကိုထောက်ပံ့ဖို့ NUG က စီစဉ်ပေးပို့လိုက်ခြင်းပါပဲ။
-
ဒါပေမယ့်ဒီဖြစ်ရပ်ကိုကြည့်ရင် မြို့ပြပျောက်ကျားဆိုတဲ့ အဖွဲ့က စစ်ကောင်စီတပ်ကိုတိုက်ဖို့မဟုတ်ပဲဓါးပြတိုက်၊ ပြည်သူကိုဒုက္ခပေးပြီးသောက်တလွဲတွေလုပ်နေတယ်ဆိုတာ အထင်အရှားဖြစ်နေပြီဆိုတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
-
အကြမ်းဖက်ကောင်တွေဟာလက်နက်မဲ့ အပြစ်မဲ့ပြည်သူကို ခေါင်းစဉ်အမျိုးမျိုးပြပြီးစွပ်စွဲ၊ ချောင်းမြောင်း သတ်ဖြတ်နေရာကနေ အခုလို အေးအေးချမ်းချမ်းနဲ့ကိုယ့်ဝမ်းစာကို ရှာစားနေတဲ့ ပြည်သူတွေကို လက်နက်နဲ့ပစ်ခတ်ခြိမ်းခြောက်ပြီး ဓါးပြတိုက်တဲ့အမှုတွေကိုကျူးလွန်နေတဲ့သူတွေပဲဖြစ်ပါတယ်။
-
ပြည်သူတွေအနေနဲ့ တော်လှန်ရေးကိုအားပေးပြီး ကောင်းစေချင်တဲ့စိတ်နဲ့ အလှူငွေထည့်ခဲ့ကြတဲ့အကျိူးရလဒ်ဟာ အခုNUGအဖွဲ့ရဲ့ အကြမ်းဖက်လမ်းစဉ်အောက်မှာ ပြည်သူ့အကျိုးစီးပွားကိုတိုက်ခိုက်ဖျက်ဆီးစေမဲ့လုပ်ဆောင်ချက်တွေဖြစ်နေခဲ့ပါတယ်။
-
အဲ့ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့ အလှူခံလာတဲ့ NUG အဖွဲ့ကို ထပ်ပြီးထောက်ပံ့အားပေးတာတွေ မပြုလုပ်သင့်တာကို ဒီဖြစ်စဉ်က မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။
-

တော်လှန်ရေးအကြောင်းပြ လက်နက်ကိုင်စွဲပြီး ဓါးပြတိုက်နေတဲ့အကြမ်းဖက်သမားတွေကိုမိလိုက်တိုင်း တရားမဝင် မိန်းမတွေနဲ့ဟိုတယ်မှာ မြူးတူးပျော်ပါးနေတာကို အတိုင်းသားမြင်ရမှာပါ။

Post a Comment

Previous Post Next Post