အကြမ်းဖက် NUG ရဲ့ အလုပ်သမားဒုဝန်ကြီးဆိုသူပိုင်ဆိုင်တဲ့ နေအိမ်ကို ချိတ်ပိတ်


အကြမ်းဖက် NUG ရဲ့ အလုပ်သမားဒုဝန်ကြီးဆိုသူပိုင်ဆိုင်တဲ့ နေအိမ်တစ်လုံးကို ယမန်နေ့ (ဇွန်လ ၁၃ ရက်) ညနေပိုင်းမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်ပိုင်အဖြစ် တရားဝင် ချိတ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

ထိုသို့ ချိတ်ပိတ်ခံရတဲ့ နေအိမ်ဟာ ကရင်ပြည်နယ် ၊ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက် ၊ အမှတ် ၂ လမ်းမှာရှိတာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းနေအိမ်ပိုင်ရှင်ကတော့ အကြမ်းဖက် NUG က အာဏာရူးပြီး လေနဲ့ဖွဲ့စည်းထားတဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ဒုဝန်ကြီးအဖြစ် တာဝန်ယူထားသူ နိုင်သုဝဏ္ဏ(ခ) နိုင်ထွန်းဖေဖြစ်တယ်လို့ သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post