ပြည်သူအတွက်၊ တိုင်းပြည်အတွက် တော်လှန်းရေးလုပ်ရတာပါလို့ တွင်တွင်ပြောခဲ့ကြပြီး နောက်ဆုံးတော့လဲ လက်နက်ကိုင်၊ အကြမ်းဖက်တို့ရဲ့ လမ်းစဉ်အတိုင်း ပြည်သူတွေရဲ့ ချွေးနည်းစာပေါ်မှာ ခေါင်းပုံဖြတ် ဆပ်ကြေးကောက်ကြတာပဲ။
မင်းတို့အကြောင်းကို သိနေကြလို့လည်း ဘယ်ပြည်သူစစ်စစ်တွေကမှ မပူးပေါင်း၊ မပါဝင်ခဲ့ကြတာ။ pdf ဆိုတာ အကြမ်းဖက် ဆပ်ကြေးကောက်တဲ့ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မျှသာ သမိုင်းမှာတွင်ကျန်ရစ်ခဲ့ရမှာပဲ။ မင်းတို့လေးတွေကို သိစေချင်တာက တိုင်းပြည်နဲ့ပြည်သူကို ကာကွယ်ချင်ရင် တပ်မတော်ထဲဝင်ရမှာ၊ တပ်မတော်ကို တွန်းလှန်ရမှာမဟုတ်ဘူး။ တပ်မတော်ဆိုတာ မင်းတို့မမွေးခင်ကတည်းက တိုင်းပြည်နဲ့ပြည်သူကို အသက်သွေးချွေးပေးဆပ်ပြီး အစဉ်အလာမပျက် ကာကွယ်ခဲ့ကြတဲ့ အဖွဲ့အစည်းဖြစ်လို့ပဲ။
#DGF21News
Post a Comment