ထိုင်းနိုင်ငံတွင် တရားမဝင်လက်နက်ကုန်သွယ်မှုများကို ဖမ်းဆီးရာတစ်လအတွင်းလက်နက်ပေါင်း ၉၁၁ လက်နှင့်ခဲယမ်း၄၄,၅၄၀ ဖမ်းဆီးရမိဟု ထိုင်းဒုရဲချုပ်ပြော

ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ထိုင်းဒုရဲချုပ်ကပြောပါတယ်။

Post a Comment

Previous Post Next Post