ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး နန်ဆန်ယန်တဝိုက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်နေတဲ့အချိန်ကိုက်ပြီး တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း နေပြည်တော်ကို ရောက်ရှိလာပါတယ်..
မနေ့က ဇူလိုင် ၂၇ ရက်နေ့မှာ စကစဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးကြောင်း ကြားသိရပေမဲ့ စကစဘက်က အသေးစိတ်သတင်းထုတ်ပြန်ခြင်း မရှိပါဘူး..
တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ရေးလှုပ်ရှားမှုတွေ များလာတိုင်း တရုတ်ငြိမ်းချမ်းရေးကိုယ်စားလှယ်ရောက်လာတတ်ပြီး KIA နဲ့ စကစကြား စေ့စပ်ဆွေးနွေးမှုတွေ လုပ်လေ့ရှိပါတယ်…
ဒါပေမဲ့ တရုတ်နိုင်ငံက သူ့အကျိုးစီးပွားအတွက် သူ့နယ်စပ်မှာရှိနေတဲ့ EAOs တွေကို အသုံးချပြီး စကစကို ထိန်းချုပ်ဖို့ ကြိုး စားနေလို့ အမှန်တစ်ကယ် ငြိမ်းချမ်းရေး ရရှိဖို့ မလွယ်ကူလှပါဘူး..
စကစအနေနဲ့က အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက သူ့ကို ၁၀၀ % အပြည့်အဝထောက်ခံမှုမပေးလို့ ရုရှားနဲ့ ပိုမိုနီးကပ်စွာ ဆက်ဆံနေရပေမဲ့ တရုတ်ကြီးက စီးပွား ရေး၊ စစ်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးတွေမှာ အဆင်ပြေပြေ တန်းတူဆက်ဆံရေးလိုချင်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်..
လက်ရှိတရုတ်နိုင်ငံရဲ့ အနေအထားကတော့ မြန်မာနိုင်ငံကို မဟာဗျူဟာ မိတ်ဖက်ဆက် ဆံရေးအဖြစ် ကြွေးကြော်နေပေမဲ့ မီးစတစ် ဖက် ရေမှုတ်တစ်ဖက်နဲ့ တရုတ်-မြန်မာ နယ် စပ်က EAOs တွေကို မွေးမြူပြီး မြန်မာ့ငြိမ်းချမ်းရေးမှာ သူမပါမဖြစ် ပါရအောင် လုပ်နေတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်…
crd***ခင်ညိုချော
#JBT
Post a Comment