KNU ဆိုတာ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကတည်းက လူမျိုးကြီးဝါဒစွဲနဲ့ ရပ်တည်လာတဲ့ အဖွဲ့အစည်းပါ...
ကရင်ပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ မြို့နယ် ၇ ခုရှိပါတယ်...အဲ့ဒီပြည်နယ်တွေထဲမှာ ရာခိုင်နှုန်းအရ ကြည့်ရင် ကရင်လူမျိုး ၆၀ % နဲ့ ကျန်တိုင်းရင်းသားလူမျိုးပေါင်းစုံ ၄၀ % ခန့် အခြေပြု နေနေကြပါတယ်...ဒါပေမယ့် ကော့ကရိတ်မြို့၊ မြဝတီမြို့နဲ့ ဘားအံ့မြို့တို့လို အထင်ကရမြို့တွေမှာ ကရင်လူမျိုးထက်စာရင် ကျန် လူမျိုးတွေအခြေပြုနေထိုင်မှုက အလွန်ကို များပြားနေတာ တွေ့ရပါတယ်.
ဒီတခါပြောချင်တဲ့ အကြောင်းအရာကတော့
ကရင်ပြည်နယ်ရောက်ရှိနေတဲ့ ပြည်သူတွေနဲ့ PDF တွေ သိထားရမှာက KNU ရဲ့ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ မူဝါဒပဲ ဖြစ်ပါတယ်...
အရင်ဆုံး PDF တွေနဲ့ အားဖြည့်ထားတဲ့ KNU ရဲ့ တိုက်ပွဲတွေကို ကြည့်ပါ..သေဆုံးမှု အချက်အလက်များအရ KNU ထက်စာရင် PDF တွေက ပိုမို သေဆုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။ဒါကအချင်းချင်း ထိတွေ့ပြီး အင်အားလျော့ပါးလာစေတဲ့ လူမျိုးရေးဝါဒ မဟုတ်ပါလား...
PDF တွေ အသုံးချပြီး ကရင်ပြည်နယ်ရဲ့ အထင်ကရမြို့တွေက ပြည်သူတွေကို သဋ်ခိုင်းနေတာကရော လူမျိုးရေးဝါဒ မဟုတ်ပါလား.
အရင်ကတည်းက အနောက်နိုင်ငံဆီကရတဲ့ ငွေကြေးယူ တိုက်ပွဲဖော်ပြီး အမြတ်ယူနေတဲ့ KNU တို့က အခုအချိန်မှာ NUG ဆီက ငွေကြေးတွေလည်းယူ ကိုယ့်ပြည်သူတွေကို ပြန်သဋ်နေရတဲ့ အဖြစ်က KNU အတွက်ကကျိုးအမြတ် အများကြီးဖြစ်နေပါတယ်...
KNU ရဲ့ နှစ် ၆၀ ကျော် ကြွေးကြော်ခဲ့တဲ့ စကားက ကရင်လူမျိုး ကောင်းစားရေး ဆိုတဲ့စကားဖြစ်ပါတယ်...
ဒါပေမယ့် အခုချိန်မှ ပြောင်းပြီးသုံးလာတဲ့စကားက ပြည်သူနဲ့ တသားတည်းလို့ ပြောင်းသုံးလာတာမို့လို့ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ၊ PDF တွေအနေနဲ့ သတိထားထားစရာ ဖြစ်လာခဲ့ပါပြီ...
နောင်တချိန် PDF တွေကတော့ ကန်ထုတ်ခံရမယ့် သူတွေဆိုတာ ကျိန်းသေနေပါတယ်..
ကိုယ့်လူမျိုးထိပါးတာ မနာတတ်တဲ့အပြင် KNU နဲ့ပေါင်းပြီး ကိုယ်လူမျိုး ကိုယ်ပြန်သဋ်နေရတဲ့ PDF တွေကို ပြောချင်တာက..
"KNU ရဲ့ လူမျိုးကြီးဝါဒကို နားလည်ပါစေ' လို့ပါပဲ..
Posted by..
Saw Ba Maung
Post a Comment