ကာလုံ ဆုံးဖြတ်ချက်ထဲမှာ ဘာတွေပါသလဲ?xxxxxxxxxxxxxxxxxxxxxxxxxxx



၁။  အဓိက တွေ့ရတာကတော့ အကြမ်းဖက် သတ်ဖြတ်မှု စာရင်းပါပဲ။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ လက်ရှိ ကာလဖြစ်တဲ့  ဇူလိုင် ၃၀ ရက်အထိ ၅ လတာကာလလေးအတောအတွင်းမှာတင်  အသတ်ခံရတဲ့ စာရင်းတွေဟာ ကြောက်ခန်းလိလိရှိနေဆဲပါပဲ။

၂။ အဲ့ဒီအသတ်ခံရတဲ့ စာရင်းတွေထဲမှာ  ရဟန်းသံဃာနဲ့  သီလရှင်က ၄ ပါး၊ အပြစ်မဲ့ပြည်သူများသေဆုံးမှုက ၇၇၂ ဦး၊  နိုင်ငံ့ဝန်ထမ်းသေဆုံးမှုက  ၂၈ ဦး အထိ ရှိခဲ့တယ်။ နောက် ဖျက်ဆီးမှု စာရင်းမှာလည်း  ကျန်းမာရေးဆိုင်ရာအဆောက်အဦက  ၁ လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အဦ က ၁၁ လုံး၊ လူနေအဆောက်အဦက ၇၆ လုံး၊ လမ်း တံတားနဲ့ တိုးဂိတ်အဆောက်အဦ  စုစုပေါင်း က ၉၄ ခု၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး တာဝါတိုင်က  ၂၆ ခု။ ဆိုတော့ ဆုံးရှုံးမှုက ကြီးမားနေဆဲပဲ။

၃။ နောက်တခုက လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ လုံခြုံရေး ကိစ္စပဲ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်းထဲမှာ  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာ ၆ ရွာက   ကျောင်းသား ၂၁ ဦးနဲ့  ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၃၁ ဦးကို PDF တွေက ဖမ်းဆီးသွားခဲ့သလို လောလောလတ်လတ်  ဖြစ်ခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာလည်း  လောင်းလုံမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း(ထားဝယ်)က   ကျောင်းအုပ်ဆရာမကြီးနဲ့  အသက်(၁၁)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ ဆရာ၊ ဆရာမ(၅)ဦးတို့ကို အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။

၄။ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ လက်နက်ခဲယမ်း ဖမ်းဆီးရမိတဲ့ စာရင်းကလည်း အတော်လေး ဂရုပြုရမဲ့ ကိစ္စတခုဖြစ်တာတွေ့ရတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်ကနေ လက်ရှိကာလအထိ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းစာရင်းက  လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့တာက နိုင်ငံတော် လုံခြုံရေးအတွက် သိပ်ကို ကြောက်စရာ ကောင်းတဲ့အခြေအနေဆိုတာ တွေ့မြင်နိုင်တယ်။

၅။ နောက်ဆုံးအချက်ကတော့ ရွေးကောက်ပွဲ ကျင်းပပေးနိုင်မဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေပဲ။ ပထမအခင်းအကျင်းအရ တည်ငြိမ်မှု မရှိတဲ့ တိုင်းဒေသကြီးနဲ့ မြို့နယ်တွေကို ချန်ပြီးကျင်းပမလား၊ ဒုတိယအခင်းအကျင်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမလားဆိုတဲ့ ပြသနာတွေကို ကြေလည်အောင် ဖြေရှင်းဖို့ဆိုရင် နစက အနေနဲ့ ပုံမှန်အခြေအနေပြန်ရောက်ဖို့ ၆ လသက်တမ်းတိုးမြှင့်တောင်းဆိုတာဟာ အရှိတရားလည်း ဖြစ်တယ်။ ဒီအခြေအနေနဲ့တော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေလည်း နယ်ဆင်းရဲစရာ အကြောင်းမရှိဘူး။


၆။ ချုပ်ရရင် ဒီ ၆ လဟာ နစက အတွက် ပိုအရေးကြီးလာတယ်။ ငြိမ်းချမ်းရေးကိစ္စ၊ မဲစာရင်းနဲ့ သန်းကောက်စာရင်း မှန်ကန်ရေးကိစ္စ၊ နယ်မြေတည်ငြိမ်ရေးကိစ္စတွေကို ဒီ ၆ လသက်တမ်းမှာ အပြီးသပ်လုပ်ဆောင်သွားလိမ့်မယ်လို့လည်း မျှော်လင့်ရတယ်။


#ဖိုးစီ

Post a Comment

Previous Post Next Post