တိုက်လို့မရတဲာမရှိမတိုက်သေးတာဘဲရှိတယ်။
ဒီစကားကမြန်မာ့တပ်မတော်ရဲ့ပြည်တွင်းသောင်းကျန်းမှုချေမှုန်းရေးမှာဆွဲကိုင်ထားတဲ့မဟာဗျူဟာစိတ်ဓါတ်။
ခွေးသစ်တို့တော့အော်နေကြပြီလက်ခတ်တောင်မှာ
တပ်မတော်ကအမြောက်စုပြုံပစ်ခတ်လေကြောင်းမှဗုံးကျဲ
ဘာလက်နက်တွေနဲ့ပစ်မှန်းမသိဘူးတဲ့
အနည်းဆုံးမသေရင်နားစည်ကွဲသွေးကျ
ဂယောင်ခြောက်ချားဖြစ်ပေါ့။
တပ်မတော်ကပြည်ပကအကူအညီပေးတဲ့စစ်ကို
ဗကပခေတ်တလျောက်လုံးတိုက်လာတာ..
ပြည်ပအကူအညီရတဲ့ဗကပသာချိနဲ့ပြိုကွဲသွားရတာဘဲ။
ထို့အတူလောက်ကိုင်စစ်ပွဲ၂၀၁၂ပြည်ပအကူအညီနဲ့
ကိုးကန့်တွေကိုရအောင်တိုက်ခဲ့ကြတာဘဲ
၁၉၉၄မှာတိုက်လို့မရဘူးကြွေးကြော်ထားတဲ့မဲလ
မဲသဝေါဝမ်ခစခန်းတွေမှာရှိတဲ့လက်နက်နဲ့ရအောင်နိုင်အောင်တိုက်ခိုက်ခဲ့တာဘဲ။
ထို့အတူ၂၀၁၁မှာkiaလိုင်ဇာအဝထိရောက်အောင်တိုက်ပြထားခဲ့တယ်။
အဲ့ဒီကာလတွေတုံးကတပ်မတော်မှာရှိတဲ့လက်နက်ခဲယမ်းကအခုခေတ်တပ်မတော်လောက်တောင်မများသေးဘူးလက်နက်ကြီးကျည်ကအစဝယ်ခဲ့ရတယ်။
ယခုကာလမှာ၁၂၀မမကအစဒုံးအထိဗုံးသီးလက်နက်ခဲယမ်းအားလုံးကိုယ်တိုင်ထုတ်လုပ်နေပြီ
ယခင်ကpc6pc7လောက်သာရှိတဲ့လေတပ်ဟာယခု
စတုတ္ထမျိုးဆက်SU30SMEအဆင့်ထိအုပ်လိုက်ရှိနေပြီ။
လက်ရှိကြုံနေရတဲ့CIAအကူအညီပေးနေတဲ့KNU
နဲ့pdfတွေနဲ့KNDFတေွ ရဲ့စစ်ရေးလှုပ်ရှားမှုဟာတကယ်သုံးသပ်ကြည့်ရင်ဘာမှအရေးမပါဘူး။လှုပ်ရှားစစ်မို့မိမိစစ်ကြောင်းများနေရာလမ်းကြောင်း ထောက်ပ့ံရေးကိစ္စတွေကြောင့်သာတန်ပြန်ချေမှုန်းရတာကန့်သတ်ချက်ရှိချင်ရှိမယ်။
ရေရှည်မှာသို့မဟုတ်တနေရာရာမှာကျုံးသွင်းချေမှုန်းတာပီပီပြင်ပြင်လုပ်လိုက်နိုင်ပြီဆိုရင်တော့
တသက်လုံးနလန်မထူနိုင့်တဲ့ဘဝရောက်သွားကြလိမ့်မယ်။
လက်ခတ်တောင်ကိုစဆုတ်ပေးလိုက်ကတည်းကမိမိတပ်လိုချင်တဲ့မြေအနေအထားနဲ့အခြေအနေတစ်ရပ်ဖန်တီးကျုံးသွင်းလိုက်ပြီဆိုတာသိလိုက်တယ်။
သိထားကြဘို့က..စစ်တိုက်တယ်ဆိုတာ
လက်နက်အင်အားကြီးသူကနိုင်စမြဲဘဲ။
Post a Comment