မြန်မာ့ပတ္တမြားနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရား


ပုံမှာ မြင်တွေ့ရတဲ့ ရေနွေးကရားဟာ အမေရိကန်ဒေါ်လာ ၃ သန်း တန်ကြေးရှိပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေနွေးကရားအဖြစ် ဂင်းနက်စ်မှတ်တမ်း ဝင်ပါတယ်။ အိန္ဒိယနိုင်ငံဖွား ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် နီရ်မယ်ဆီသီယာက သူကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး အီတလီကျောက်မျက်ပညာရှင် စကာဗီယာက ဖန်တီးခဲ့တာပါ။

၁၈ ကာရက် ရွှေထည်ပေါ်မှာ စိန်ပွင့်ပေါင်း ၁၆၅၈ ပွင့်၊ မြန်မာနဲ့ ထိုင်းနိုင်ငံက ပတ္တမြား ၃၈၆ လုံးကို အသုံးပြုထားတာပါ။ ရေနွေးကရား အလယ်မှာ အသုံးပြုထားတဲ့ ပတ္တမြားကတော့ ၆.၆၇ ကာရက်ရှိပါတယ်။ ရေနွေးကရား လက်ကိုင်ကတော့ ရေခဲခေတ်မှ ကျောက်ဖြစ်နေတဲ့ ဆင်စွယ်ကို ထုဆစ်ထားတာပါ။

Ref: The world’s most expensive teapot

Team (ရိုးရာလေး)

Post a Comment

Previous Post Next Post