ဘဝရဲ့ အစက ရိုးသားပါတယ်။
ထိုက်သင့်သလောက်တော့ ကြိုးစားခဲ့ရမှာပေါ့။
နိုင်ငံရေး လေအတိုးမှာ
သွေးထိုးစကားတွေကြောင့်
ခေါင်းထဲမှာ အဆိပ်ပိုးအပြည့်နဲ့
လူဆိုးလုပ်ဖို့ လူကြမ်းလုပ်ခဲ့ရပြီပေါ့။
နိုင်ငံရေးမှာ လှုပ်ရှား
အစကတော့ စကားလုံးကြမ်းသူ
နောက်တော့ တက်ကြွလှုပ်ရှား
တားနေတဲ့ကြားက
နားရမဲ့အချိန်မှာ အငြိမ်မနေတော့
ညားပါရောလား ၅၀၅။
အသိတရားက မရသေးဘူး
မြှောက်ထိုးပင့်ကော်တွေကြားမှာ
ငါဟာ လူတော်
အများအတွက် ဒီလူတွေကို ပြန်ဆော်မတဲ့လား။
သပိတ်အစုံရဲ့
လေလှိုင်း အဟုန်တွေကြားမှာ
မျက်ကန်းယုံ ယုံပစ်လိုက်တော့
ကမ်းကုန်အောင် မိုက်မဲ့
ဘာတဲ့...
အခုတော့ မင်းတို့က သူပုန်။
သမိုင်းကို မသိတော့
အရှိတရားကို နားမလည်
ပကတိကိုလည်း မမြင်ပြီ။
- ရန်ကုန်မှအပ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့
KNDO လည်း စစ်တပ်ကို အလဲမထိုးနိုင်ခဲ့ဘူး။
- NLD ထက် ဝါဒရေးရာ ပိုမိုကျွမ်းကျင်တဲ့
ဗကပလည်း မရခဲ့ဘူး။
- ယခုထက် ပိုမိုကြီးမားတဲ့ ၈၈၈၈ လည်း မရခဲ့ဘူး။
- ယခုမျိုးဆက် GZ ထက် ပိုမိုတက်ကြွတဲ့
ABSDF လည်း မရခဲ့ဘူး။
- စစ်တိုက်ကျွမ်းတဲ့ သူပုန် အစုံတောင် မစွမ်းနိုင်ဘူး။
ကိုယ့်ရဲ့
အနာဂတ် တံခါးကို ကိုယ်တိုင်ကပိတ်
ညအိပ်ချိန်မှာတောင် အထိတ်တလန့်နဲ့
မင်းတို့..ဘဝကတော့ တိတ်တိတ်လေးနဲ့ ဆိတ်ငြိမ်ပြီ
တိမ်တွေကို ကြည့်ရင်း လွမ်းနေဦးပေါ့
အိမ် ဆိုတာက မင်းတို့အတွက် မရှိပြီ။
။
Crd-
Post a Comment