-
ပြည်တွင်းမှာ နေမရတော့တဲ့ကောင်တွေ တောထဲရောက် ပြည်တွင်းကလည်း ပြန်လက်မခံ တောထဲလဲမနေနိုင်ကြတော့ နိုင်ငံခြားကိုအပေါက်အလမ်းရှာပြီးတော့ ပြေးကြတာ လူတောင်ကျန်ပါတော့မလားပဲ။
အစတုံးကတော့ မိုးလားကဲလားနဲ့ သူတို့ပဲရှေ့ဆုံးကတိုက်ပွဲဝင်တော့မလိုလို ထမင်းပဲချက်ရချက်ရ ထင်းပဲကောက်ရကောက်ရ တောထဲမှာနေပြီး စစ်အာဏာရှင်ကိုတိုက်ထုတ်တော့မလိုလိုတွေကနေ နောက်ဆုံးတော့ ပြည်ပကိုထွက်ပြေးဖို့ပဲခြေလှမ်းကြတာပါပဲ။
-
ခုလည်း ဟားငါးကောင်အဖွဲ့ ဩဇီကိုပြေးတော့မယ်ဆိုတာသိရပြန်ပြီ တည့်ပြေးရင်ဆဲခံရမှာစိုးလို့ လိုင်းပေါ်မှာဝိုင်း clickနေကြတဲ့ နလပိန်းတုန်းလေးတွေကိုအချိုသတ်ရသေးတာLOL…
ဒီလိုကောင်တွေ လေလုံးထွားမြှောက်ပေးလို့ လူငယ်ပိုင်းတွေ PDF ထဲရောက်သွားကြတယ်။ ပြီးတော့ တောထဲ အနေအစားဆင်းဆင်းရဲရဲနေရပြီး စစ်တပ်ကိုတိုက်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်သူပုန်တွေရှေ့ကနေပြီး အသေခံတိုက်ရတာလည်း ဒီ လူငယ်တွေပဲ။ သေစရာရှိတော့လည်း ဒီလူငယ်တွေပဲ။
-
လိုင်းပေါ်ကနေပဲလေလုံးထွား၊ အပေါစားအငြိမ့်လေးရိုက်ပြီးမြှောက်ပေးနေတဲ့ ဟားငါးကောင်တို့လို အနုပညာရှင်အမည်ခံ OTS တွေကတော့ အန္တရာယ်ကင်းတဲ့ နေရာမှာပဲ သက်သာရာသက်သာကြောင်းနေခဲ့ကြတယ်။ ခု နိုင်ငံခြားကိုထွက်ပြေးတော့လည်း သူတို့ကထိပ်ဆုံးပဲ။ တစ်ကယ်အသေခံတိုက်ပွဲဝင်နေတဲ့ဘယ် PDF တွေကမှတော့ နိုင်ငံခြားကိုအပို့မခံရဘူး။
-
သူတို့မြှောက်ပေးတဲ့နောက်ကို လိုက်ပြီး တော်လှန်ရေးအတွက် တိုက်နေကြတဲ့ PDF တွေကတော့ တောထဲမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ သေရင်သေ မသေရင်ပြတ်သည်အထိ တိုက်ပွဲဝင်နေရဦးမှာပါပဲ။ ရှေ့မှာလည်းမြှောက်ပေးတဲ့ ဆယ်လီတွေ နိုင်ငံခြားကိုလစ်ပြေးတဲ့သာဓကတွေအများကြီးရှိနေပြီဒီလောက်မှမလည်ရင်လည်းကွကိုယ်ခံတော့ပေါ့
-
ဒီတော့ တရားမျှတမှုလိုချင်ပါတယ်ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့နွေဦးတော်လှန်ရေးကြီးဆိုတာ တစ်ကယ်ရော တရားမျှတပါရဲ့လားဆိုတာကို မေးခွန်းထုတ်သင့်ပြီထင်တာပါပဲ။
Post a Comment