ကရင်ပြည်နယ်က လက်ခတ်တောင်အကြောင်း

ကျွန်တော်နေတဲ့ ကရင်ပြည်နယ်.မြဝတီဒေသမှာ မေတ္တာလင်းမြိုင်ရွာ လေးကေ့ကော်မြို့သစ်ဆိုတာမရှိခင်ပေါ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ယခု.မေတ္တာလင်းမြိုင်ဆိုပြီးဖြစ်လာမဲ့ရွာလေးရဲ့အနောက်ဖက်တောင်ထိပ်မှာ ၁၉၉၈ လောက်က (ဝိဇ္ဇာ-သမ္မထ).လိုင်းကိုအားပါတဲ့ဆရာတော်တပါးရောက်လာပြီး သက်သက်လွတ်နယ်မြေအဖြစ်သတ်မှတ်ပြီး ဘုရားတည်.ကျောင်းဆောက်၍သာသနာပြုလုပ်ငန်းတွေကိုစတင်လုပ်ကိုင်သာသနာပြုပါတယ်.
ဆရာတော်ဘုရားဟာဝိဇ္ဇာလိုင်းဖြစ်လို့ လာရောက်ဖူးမြှော်သူ.ဒကာ/ဒကာမတွေကို ပုထုဇဉ်တွေရဲ့ဗီဇဖြစ်တဲ့လက်ရှိအကျိုးဖြစ်ထွန်းစေမဲ့ ၂ လုံး ၃ လုံးချဲဂဏန်းတွေနှင့်စိတ်ချမ်းသာစေမဲ့အင်းအိုင်လက်ဖွဲ့-ဗေဒင်များကိုနိမိတ်ပြဟောပြောရင်းမှ.ရရှိလာတဲ့အလှူငွေများဖြင့် လက်ခတ်တောင်ဆိုပြီသမုတ်ထားတဲ့တောင်ကြောပေါ်မှာသာသနာပြု.ဘုရားတည် ကျောင်းဆောက်ခြင်းများပြုသလို (လုပ်အားအလှူရှင်များဖြင့်လည်းတည်ဆောက်ခဲ့ပါတယ်) 
၁၉၉၈.ခုနှစ်တုန်းက *ကျွန်တော်ကိုယ်တိုင် တပည့် ၃၀ ကျော်နဲ့ ၄.လလောက် တတ်နိုင်သ၍.ငွေအား လူအားနဲ့ကုသိုလ်ယူခဲ့ပါတယ်* အဲ့တုန်းက ဆရာတော်ကိုယ်စားဖြစ်သူ ဥူးဇင်းပျားရည် နဲ့ တိုင်ပင်ပြီး လိုအပ်တာတွေကိုကုသိုလ်ယူဝိုင်းလုပ်တာပေါ့ (အဓိကပြောခြင်တာက).လက်ခတ်တောင်ဘုရားရဲ့ဦးစီပဓာနဆရာတော်ကြီးက ကျိန်စာတိုက်အရမ်းကြမ်းသလို သရဲ.တစေ.ဝိဉာဏ်တွေကိုလည်းခေါ်ယူထိန်းချုပ်လေ့ရှိပါတယ် (ဒါက.သူ့အပြောပါ) 

အာ့ကြောင့် *ထိုင်းဘုရင့်သမီးတော်.သီရိဒုံ မင်းသမီးကြီးကတောင်* လက်ခတ်တောင်ပေါ်မီးလင်ရေးအတွက်ထာဝရအလှူရှင်အနေနဲ့စတင်လှူဒါန်းပေးခဲ့ပါတယ် နောက်ပိုင်းတော့ (ကရင်BGF.အမှတ်.၄ တပ်နယ် အမှတ် ၁၀၂၂ တပ်ရင်း အမှတ် ၂ တပ်ခွဲမှူးဖြစ်သူ) ဗိုလ်ရှိန်(or)စောတိုင်းကျော်မှ တစ်လ.သိန်းပေါင်းတစ်ထောင်ကျော်နီးပါးပံ့ပိုးလှူဒါန်းပေးရင်းနဲ့တည်တံခဲ့တဲ့အဆိုပါ လက်ခတ်တောင်သာသနာနယ်မြေဟာ အခုတော့ KTLA+PDF တွေကြောင့် ဖုန်းဆိုးမြေလိုဖြစ်ခဲ့ရပါပြီ😔😔😔

သာသန.နယ်မြေနဲ့ကျောင်းကန်ဘုရားတွေကိုအကာအကွယ်ယူပြီးနယ်မြေခံပြည်သူတွေကိုဒုက္ခရောက်စေတဲ့သူမှန်သမျှဒုက္ခကျရောက်ပါလိမ့်မယ် အဲ့နေရာဒေသက.သက်သက်လွတ်နယ်မြေဖြစ်သလို လိမ်ညာပြီးအလှူခံ.စရိုက်မကောင်းသူတွေအတွက်.ဘဝနိဂုံးမလှတဲ့နယ်မြေဖြစ်တယ်ဆိုတာသိစေခြင်ပါတယ် ။ (မှတ်ချက်) နှစ်ပေါင်း ၂၀ ကျော်တိုင်အထိ.ညဖက်ဆိုအရပ်လေးမျက်နာကနေလှမ်းကြည့်တိုင်း-လျှပ်စစ်မီးအစိမ်းရောင်ထိန်းလင်းပြီးကြည်နူးစရာကောင်းတဲ့လက်ခတ်တောင်သာသနာနယ်မြေလေးကအခုတော့ တစ်လနီးပါးရှိပြီ 
ဘာမှမမြင်ရတော့ပါ 😢😢😢

အောဆွန့်လားဆိုင်
ကရင်ပြည်နယ်အေးချမ်းစေရမည် ။

Credit '
Htat Htet Lin Oo

Post a Comment

Previous Post Next Post