ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃)ကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုန်စည်စီးဆင်းမှုများ မြန်ဆန်ရေး လမ်းခရီး တစ်လျှောက်မလိုလားအပ်သည့် ငွေကြေးပေးဆောင်ရမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း ထပ်မံပြောကြား သွားသည်။
Post a Comment