မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သြဂုတ်လ(၁၀)ရက်မှ (၁၁)ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သော (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်နေသည့် ပြဿနာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ၎င်းက တိုက်တွန်းပြောကြားထားပါတယ်။
Post a Comment