ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူ့စစ်အထူးကွန်မန်ဒို သင်တန်းဆင်း ဂုဏ်ပြုပွဲကျင်းပ

MNP ၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ ပြည်သူ့စစ် အထူးကွန်မန်ဒို သင်တန်းဆင်းဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ပြည်သူ့စစ်အထူးကွန်မန်ဒို သင်တန်းဆင်းပွဲအခမ်းအနားသို့ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးများနှင့် ဌာနဆိုင်ရာလူကြီးများ အသီးသီးတက်ရောက်ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာဒေသကာကွယ်ရေးအတွက်သာမက စစ်ကိုင်း - မုံရွာ ကားလမ်းတွင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းစေရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးခဲ့သည်။

#MyanmarNationalPost

Post a Comment

Previous Post Next Post