ဒလန်ဟေ့ လိုက်ဟ ဝိုင်းဟေ့ ဆိုပြီး အညာတစ်ခွင်မှာ အသားစားလူရိုင်းဇာတ်ကားထဲကလို ဖုန်တလုံးလုံးနဲ့ လူဖမ်းပွဲလုပ်လို့ကောင်းတုန်း မိသွားပြီဟေ့ဆိုရင်လဲ မသေမချင်းခံပေရော့။ မကြားဖူးတဲ့နိုပ်စက်နည်းမျိုးစုံနဲ့အTတ်ခံရရှာကြတာ အဲ့ဒါဒလန်လို့စွပ်စွဲခံရသူတွေရဲ့ဘဝ ---
ဒီလိုပါဘဲ PDF ထောက်ပို့လုပ်တယ်၊ အကြမ်းဖက်အားပေးလှုံ့ဆော်တယ်ဆိုပြီး တယ်လီဂရမ်မှာအတင်ခံရရင် အိမ်တံခါးလာခေါက်ပြီး ဂိုးတူဂျေးဆိုတဲ့ ဖြစ်စဥ်တွေကလဲ နေ့စဥ်မရိုးရဘူး။
တကယ်တန်းခံနေရတာပြည်သူဗျ
နီးရာဓားကြောက်နေရတဲ့ဘဝတွေ PDF နဲ့တွေ့ရင်လဲပေးရတာဘဲ ၊ မပေးရင်သေမှာလေ အသက်ထက်အရေးကြီးတာဘာရှိတာမှတ်လို့ ပေးခဲ့ရတာပေါ့၊ ပေးခဲ့တော့ဘာဖြစ်လဲ PDF ထောက်ပံ့တွေဖြစ်ကြရော အကျိုးအဆက်က ထောက်ပို့ဆိုတဲ့ခေါင်းစဥ်နဲ့ ညားတာဘဲ။
ပြီးတော့ဒလန်.....
တပ်ကလာတယ် မပြေးရင်ဒလန်၊ ရေတောင်းသောက်လို့ရေတိုက်ရင်လဲ ဒလန်၊ လမ်းမေးလို့ဖြေမိရင်လဲဒလန်ဘဲ ကဲ ကျက်သရေအဖျာဖျာတုန်းတဲ့ မြေဇာပင်တွေရဲ့ဘဝတွေပေါ့ဗျာ
ခံစားတတ်မှ နားလည်တာ၊ နားလည်မှ စည်းရုံးလို့ရတာ၊ စည်းရုံးလို့ရမှ ဦးဆောင်လို့ရတာ အချုပ်တင်ပြရရင်
"ဤခရီးမနီးသေးပါဘူးဗျာ"
#စစ်ကဲကြီး
Post a Comment