ဘုရားရုပ်တု ရှိနေသေးပေမယ့် ဘုရားသာသနာကတော့ အာဖဂန်မှာ မရှိတော့ပါဘူး။
ဒါပေမယ့်...
မင်းတို့ ပြောနေကြသလိုမျိုး ဘုရားဆိုတာ နှလုံးသားမှာ တည်ဖို့ကအဓိက အပြင်မှာမလိုဘူးလို့ ရှေးရှေးက အာဖဂန်တွေ တွေးခဲ့မယ်ဆိုရင်၊ အာဖဂန်မှာ တချိန်က ဘုရားသာသနာရှိခဲ့ကြောင်းကို မင်းတို့ ငါတို့ အခု မသိနိုင်တော့ဘူး။
ဒီတော့...
နှလုံးသားဝယ် ဘုရားတည် ဆိုတဲ့အတိုင်း နှလုံးသားမှာပဲ တည်လိုက တည်။
ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီလို့ စေတီ အမျိုးမျိုးရှိတဲ့အတွက်၊ နှလုံးသားမှာ တည်လို့မရတဲ့ စေတီမျိုးကိုတော့ အခါအခွင့်သင့်ရင် မြေပြင်မှာ တည်ပါ။
ကိုယ့်ဆန္ဒကို ကိုယ့်ဖြည့်ပါ။
ရှင်းတယ်နော်။
Post a Comment