စားသုံးဆီ တင်/လှောင်/ဖြန့် လုပ်ငန်းကြီးကြပ်ရေး ကော်မတီကထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေး ၄၀၃၅ ကျပ်ဖြစ်ပေမယ့် အပြင်ဈေးကွက်မှာ ကျပ်တစ်သောင်းအထိရှိလာ


စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဒီကနေ့ (ဩဂုတ် ၁၄ ရက်) ကနေ ဩဂုတ် ၂၀ ရက်အထိ တစ်ပတ်စာအတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာကို ငွေကျပ် ၄၀၃၅ သတ်မှတ်ထားတယ်လို့  ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ တွက်ချက်ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းဈေးအောက် ၁၁၅ ကျပ် ကျဆင်းခဲ့ပေမယ့် ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီတစ်ပိဿာကို ကျပ် ၁၀၀၀၀ အထိ ဈေးရှိနေတယ်လို့ ဆီဈေးကွက်သတင်းတွေနဲ့ စားသုံးသူတွေက ဆိုပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်တွေမှာ ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို ဈေးကစားဖို့ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင် ရောင်းချ တာနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေပြုလုပ်ရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပေမယ့် ဒီကနေ့အထိ အရေးယူမှုပြုလုပ်တာကို မကြားမိသေးဘူးလို့လည်း ကုန်ဈေးနှုန်းလေ့လာသူတွေရဲ့ ပြောပြမှုအရ သိရပါတယ်။
#mhtnews

Post a Comment

Previous Post Next Post