ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုဆိုတာ


ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်တယ်ဆိုတဲ့နေရာမှာ နှစ်ဖက် အပြန်အလှန် ကတိကဝတ်တွေ၊နားလည်မှုတွေနဲ့ တည်ဆောက်ကြရတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA တို့ နားလည်မှုနဲ့ အပစ်ရပ်ထားတယ်။ တစ်ဖက်စောင်းနင်း မီဒီယာတွေက ဖော်ပြနေတာက ရခိုင်ပြည်အပစ်ရပ်ကာလမှာ စစ်တပ်က အင်အားအများကြီး ပို့နေတယ်၊ လှုပ်ရှားမှုတွေရှိတယ်၊ AA စခန်းတွေကို ဒရုန်းနဲ့ကင်းထောက်တယ်ဆိုပြီး စစ်တပ်ကို အဆိုးဖြစ်အောင် သတင်းရေးတယ်။

အဲ့ဒါဆို ပြန်မေးမယ် ၊ တည်ဆဲအစိုးရက ​အကြမ်းဖက်လို့ ကြေငြာထားတဲ့ NUG လက်အောက်ခံ PDF တွေကို AA ဘက်က စစ်ရေးအကူအညီပေးနေတယ်၊ စစ်သင်တန်း​တွေ ပေးနေတယ်။ ဒါကြောင့် AA ဘက်က စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားအောင်လုပ်နေပါတယ်လို့ ဘယ်မီဒီယာက ဖော်ပြသလဲ?

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ စစ်တပ်ဘက်ကနေပဲ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တာ ၊ လုပ်နေတာကို တွေ့ရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ​ငြိမ်းချမ်းရေးအကြောင်းပြပြီး ရပိုင်ခွင့်တွေကိုပဲ တောင်းဆိုခဲ့တာ သက်သေ သာဓကတွေရှိပါတယ်။ ဒါကြောင့် ဒေသတည်ငြိမ်အေးချမ်းပြီး ဖွံဖြိုးတိုးတက်ချင်ရင် ဒေသရဲ့ရေရှည်အကျိုးကို ကြည့်ရမယ်၊ ဒေသခံတွေရဲ့အကျိုးကို ကြည့်ပြီး အပေးအယူ မျှမျှတတနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ လိုပါတယ်လို့ အကြံပြုလိုက်ပါတယ်။

(ဒေသမငြိမ်းချမ်းမှ သတင်းရေးရပြီး ထမင်းနပ်မှန်အောင်စားရတဲ့ တစ်ဖက်စောင်းနင်း မီဒီညာတွေအနေနဲ့ကတော့ တစ်ဖက်နဲ့တစ်ဖက်ရန်တိုက်၊ အတို့အထောင်လုပ်နေတဲ့ သတင်းတွေကိုလည်း ပြည်သူတွေအနေနဲ့ ချင့်ချိန်ယုံကြည်ကြဖို့ လိုပါတယ်)

#MNY

Post a Comment

Previous Post Next Post