မတန်တဲ့သူတွေ

တနေ့ တနေ့
ကိုယ့်ပုံတွေ 
ကိုယ်တင်လိုက်၊

ကိုယ့် ကိုယ်ရေးကိုယ်တာတွေ တင်လိုက်၊

စားတဲ့သောက်တဲ့ပုံတွေ အလှဓာတ်ပုံတွေ တင်လိုက်၊

သူတပါး ရန်ဖြစ်နေတာတွေကို စိတ်ဝင်တစားနားထောင်လိုက်နဲ့ 

လူမှူ့ကွန်ယက်သုံးတာတောင် အချိန်မလောက်သလို ဖြစ်နေကြတယ်။

တရားလေးတပုဒ်လောက် တင်ခိုင်းရင် ကိုယ့်သူငယ်ချင်းတွေက တရားစာမဖတ်ဘူး တို့

တင်နေတာပဲ like နည်းလို့ မတင်တော့ဘူး တို့နဲ့သာ
တွေ့နေကြရတယ်။

ဘာသာ သာသနာကို ချစ်လိုက်ကြတာလည်း သူတို့အပြင် နှစ်ယောက်မရှိဘူး။

အံ့သြစရာ သိပ်ကောင်းတယ်၊

စက္ကန့်ပိုင်းလေးနဲ့ ဓမ္မဿဝန ကုသိုလ်တွေရနိုင်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေကြတယ်။

နာမည်ကြီး ဆယ်လီတွေ စားတာ သောက်တာ ရန်ဖြစ်တာတွေ အောက်မှာ ဆိုရင်
နောက်မတွေ့ရ မှာစိုးလို့ထင်တယ် like တွေ ထုနဲ့ဒေး။

သူငယ်ချင်းဖြစ်တဲ့သူတွေကို သုတေသနပြုကြည့်တယ် သူတို့fb စာမျက်နှာတွေကို ဂရုတစိုက်နဲ့ ဝင်ကြည့်ဖြစ်တော့ ဆယ်ယောက်တယောက် ဘုရားတရားစာမတင်ဘူး၊ ကိုယ်ဖတ်ပြီး သူများကိုသိပါစေဆိုတဲ့ စေတနာတွေ မရှိကြဘူး၊
ဒါ့ကြောင့် fri ဖြစ်ပြီး ဘာမှမလုပ်သူတွေကို သူငယ်ချင်းအဖြစ်က လျော့ပြီး တကယ်လုပ်တဲ့သူတွေနဲ့ အစားထိုးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီလို လူတွေများနေလို့လဲ
အရာရာကို မှန်မှန်ကန်ကန်စဥ်းစားသုံးသပ်နိုင်တဲ့ လူတွေ နည်းလာလေလေပဲ။

တန်ဖိုးရှိလှတဲ့ သာသနာဟာ
ဆယ်လီတွေ ရန်ဖြစ်နေတာလောက်တောင် တန်ဖိုးမရှိတော့ဘူး။

တရားတပုဒ် တင်ဖို့
တရားတပုဒ် မျှဝေဖို့
ငါးစက္ကန့်ထက်မပိုဘူး။

ကိုယ်တင်တဲ့ တရားတပုဒ်ကို ကိုယ့်အကောင့်ထဲက သူငယ်ချင်းတယောက်လောက် ဖတ်ရင်ကို ကုသိုလ်တွေရနေပြီ။

ဒါပေမဲ့
ခေါင်းစဥ်မျိုးစုံနဲ့ ရှောင်လွဲနေကြတာ
စိတ်မကောင်းစရာ ကောင်းလှတယ်။

ကိုယ်သိချင်သလို သူတပါးသိပါစေဆိုတဲ့ သဒ္ဓါတရားမျိုး မပေါက်သ၍ သာသနာဟာ မတိုးတက်နိုင်ဘူး။

လောကဓံဆိုးကြီးတွေလာရင်သာ မဖြစ်သင့်ဘူး၊ ကြောက်စရာကောင်းလိုက်တာ၊ လူသားမဆန်လိုက်တာနဲ့ ညည်းကြလေ့ရှိတယ်၊ သတ္တဝါတွေ ဓမ္မ အားနည်းလို့ ဒုက္ခရောက်နေကြတဲ့ အကြောင်းတရားကို မမြင်နိုင်ကြဘူး၊ လောက ကြီးဟာ သတ္တဝါတွေရဲ့ စိတ်အလိုအတိုင်းပဲ ဖြစ်တည်ပေးနေရတာပါလို့ မြတ်ဗုဒ္ဓစကားကို မယုံကြဘူး၊ ကိုယ်တိုင်ကမှဓမ္မအားကောင်းအောင်မလုပ်မှတော့ ဘာမှ အကောင်းမမျှော်လင့်နဲ့ စိတ်နဲ့ တန်ရာတန်ရာ လာကြမှာပါပဲ၊ ဒါဟာ လောကနိယာမပါ။

ဗုဒ္ဓဘာသာလို့ ပြောနေရတာတောင် ဗုဒ္ဓကို အားနာလှတယ်။

အင်မတန်ကောင်းမွန်တဲ့ဘာသာဟာ ကိုယ်တွေလက်ထဲရောက်မှပဲ တန်ဖိုးမဲ့သလိုဖြစ်နေတာ ဝမ်းနည်းစရာ ကောင်းလှတယ်။

ရှက်တတ်ရင် လဲသေလို့တောင်ရတယ်။

အခုပြောသလိုသာ လူမှူ့ကွန်ယက်သုံးသူတိုင်း ပြန်လည် မျှဝေကြမယ်ဆိုရင် တရားတော်တွေပြန့်ပွားတာမြန်ပြီး လူသားတိုင်းအတွေးအခေါ်တွေမြင့်လာမယ် မေတ္တာတရားတွေ ကိုယ်ချင်းစာတရားတွေ ထွန်းကားလာပြီး ထိုက်သင့်သလောက် ငြိမ်းချမ်းလာလိမ့်မယ်။

အခုတော့
သိပ်ဝမ်းနည်းစရာကောင်းလှတယ်။

တာဝန်ယူထားသူတွေကလည်း တာဝန်မဲ့၊  ပြည်သူတွေကလည်း တာဝန်မယူ၊

ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘာသာနဲ့ မတန်တဲ့သူတွေ လက်ထဲ ရောက်နေသလိုပဲ။

သာသနာတော်အတွက် ကြိုးစားပမ်းစား ဆောင်ရွက်တော်မူနေကြတဲ့ သံဃာတော် တွေကိုလည်း အားနာတယ်။

ဦမြင့်ခိုင်

Post a Comment

Previous Post Next Post