ဂွမ်မော်ဟာ ၈၈ အရေးခင်းမတိုင်ခင်တစ်နှစ်က KIA ထဲကို တပ်သားအဆင့်နဲ့ ရောက်သွားတဲ့သူဖြစ်ပါတယ်။ မြေပြင်အနေအထားအရပြောရရင် စစ်သားစည်းရုံး စုဆောင်းခံရတာထင်ပါရဲ့။
ဗိုလ်သင်တန်း မတက်ဖူးပါဘူး အဲဒီတုန်းက KIA မှာ ဗိုလ်သင်တန်းကျောင်းမရှိပါဘူး။ မြန်မာအစိုးရသင်ပေးလိုက်တဲ့ ပညာနဲ့ KIA ထဲမှာ အဆင့်ဆင့်မြင့်လာလာတဲ့သူ။
ကချင်ပြည်နယ်မှာ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြပြီး ရဝမ် လီဆူး ဂျိန်းဖော စတဲ့ ကချင်မျိုးနွယ်စုတွေရှိသလို ရှမ်းနီ ရှမ်းမျိုးနွယ်စုတွေနဲ့ ရခိုင် ဗမာ စတဲ့ တိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။
ဂွမ်မော်က သူ့လူမျိုးမှ သူ့လူမျိုးပုံစံနဲ့ နေနေတာ ကချင်တိုင်းသိပါတယ်။ လူမျိုးကြီးဝါဒကို ဂွမ်မော်တို့က သူများကိုစွပ်စွဲသလို သူတို့လည်း လက်ကိုင်ထားတယ်လို့ အခြားမျိုးနွယ်စုတွေကပြောတယ်။
KIA ထဲက ကချင်နဲ့ အခြား တိုင်းရင်းသားတွေဆိုတာကလည်း မသိနားမလည်တဲ့ လူငယ်တွေကို ဝါဒမှိုင်းတိုက်ပြီး စစ်သင်တန်းတွေပေး အကြမ်းဖက်ဖျက်ဆီးရေးသင်တန်းတွေပေးပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် ချနင်းခဲ့တဲ့လူလည်းဖြစ်ပါတယ်။
ဂွမ်မော်လိုလူမျိုးဟာ နိုင်ငံတော်အတွက် အကျိုးမပြုသလို ကချင်ဒေသအတွက်လည်း အကျိုးမပြုလို့ အမှိုက်တစ်ခုလောက်တောင် တန်ဖိုးမရှိတဲ့လူပါပဲ။
#Crd
Post a Comment