ဦးသန့်နှင့် ဗိုလ်ချုပ်ကြီးနေဝင်း တို့ကြားက သမိုင်းအမှန်


***
၁၉၆
၄ခုနှစ်က မြန်မာနိုင်ငံရှိ မိခင်ထံ ဂါရဝပြု ကန်တော့ဖို့ လာရောက်သူ ဦးသန့်ကို ထိုအချိန်က တော်လှန်ရေးကောင်
စီဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းက
ဦးသန့်ကို အတွေ့မခံဘူး မတွေ့ချင်တော့ အလုပ်ရှိတယ်ဆို
ပြီး ငပလီဘက်ကို ရှောင်ထွက်သွားကြောင်း ရေးကြ ပြော
ကြတာတွေ ဖတ်ရမှာပါ ...။

ဇာတ်နာအောင် နတ်သံနှောတဲ့ အထဲမှာ NLD ပါတီ နာယက ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးက အဆိုးဆုံးပါပဲ ။
သူ့ကိုပြောလို့ သူအလွန်အင်မတန် အံ့အားသင့် စိတ်မ
ကောင်းတွေ ဖြစ်ခဲ့ရကြောင်း နတ်သံနှော ပြောလည်း
ပြော ရေးသားထားပါတယ် ...။

သူရေးထားတဲ့ ကိုယ်ရေးသမိုင်း စာအုပ်ထဲမှာ ပါတယ်
အလွန်ဆိုးဝါးတဲ့ ဖာကျ ဂျင်းထည့်ခြင်းပါ ...။

ဒီလိုလူက သမိုင်းအဆိပ်ခပ်ခြင်းဟာ စက်ဆုပ်ရွံရှာဖွယ်
အင်မတန်ကောင်းပါတယ်
သမိုင်းက သူထင်သလို လိမ်လို့မရပါဘူး
တကယ့်ဖြစ်စဉ် အမှန်က ရှိပြီးသားပါ ...။

ကုလအတွင်းရေးမှူးချုပ် ဦးသန့်ကို တော်လှန်ရေး ကောင်စီအစိုးရက တရား၀င် ဖိတ်ကြားခဲ့တာ ဗိုလ်ချုပ်ကြီးနေဝင်း က အတွင်းရေးမှူးချုပ် ဦးသန့််ကို ၀မ်းပန်းတသာတွေ့ဆုံ ရင်းရင်း
နှီးနှီး ပြောဆိုဆွေးနွေးခဲ့တာ ။
ဒါ့အပြင် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီးက နိုင်ငံတော် အခမ်းအနား ဧည့်ခံပွဲကြီး ( The State Banquet) တစ်ရပ်
နဲ့ ညစာတည်းခင်း ဧည့်ခံတာကို သတင်းစာဟောင်းမှာ
တွေ့ရပါမယ် ...။

အခိုင်အမာ သက်သေသတင်းနဲ့ အတူတွဲပေးလိုက်ပါတယ်
ငြင်းကြအုံးမလား ...။
(တဖက်ပိတ်တွေ ပြည်သူကို ဂျင်းထဲ့ နေတာ သိဖို့သင့်ပြီ)

အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်မှာ
- ရွှေတိဂုံ စေတီတော်မြတ်အား ဖူးမြော်ခြင်း
- မိခင်ကြီးအား ဂါရဝြပု ကန်တော့ခြင်း
- အာဇာနည်ဗိမာန်သို့ သွားရောက် ပန်းခွေချခြင်း
- ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနိစ္စရောက်တဲ့ ၃ရက်
  မြောက်နေ့ (၂၅-၇-၆၄) ရုပ်ကလာပ်အား ပန်းခွေချ ဂါရဝ
  ပြုခြင်းများ ဆောင်ရွက်သွားကြောင်းပါတယ် ...။

ဂျင်းကောင်လောက်ကောင်များကို ရွာပြင်ထုတ်သင့်ပြီ ။။။

crd.ဆရာကြည်
Via###SKZ
🌿🌿🌿

Post a Comment

Previous Post Next Post