ရှေးဟောင်းရောမတစ်နေရာတွင် အီလွန်မက်စ်နှင့်မာ့ခ်ဇူကာဘာ့ဂ်တို့ ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း အီတလီယဉ်ကျေးမှုဝန်ကြီးဌာနကပြော
+++++++++++++++++++++++++
Published_ 12 August 2023
အီတလီအစိုးရက ရှေးဟောင်းရောမနေရာမှာ ပွဲကြီးတစ်ခုကျင်းပရန် သဘောတူကြောင်း ပြောကြားခဲ့ပြီးနောက် နည်းပညာလောကရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ 'အီလွန်မက်စ်'နဲ့ 'မာ့ခ်ဇူကာဘာ့ဂ်'တို့ကြား ပြိုင်ဆိုင်မှုကြီး မြင့်တက်လာဖွယ် ရှိနေပါတယ်။
ဘီလျံနာပြိုင်ဘက်တွေ ပါဝင်တဲ့ ပွဲကြီးတစ်ခုကို သမိုင်းဝင်နေရာတစ်ခုမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ အီတလီယဉ်ကျေးမှုဝန်ကြီးဌာနက ပြောကြားသွားပါတယ်။
ယခင်ကျင်းပခဲ့တဲ့ Colosseum မှာ ပြုလုပ်မှာမဟုတ်ဘဲ အီတလီရှိ အခြားတစ်နေရာမှာ ကျင်းပမှာဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Telegraph ကို ပြောကြားခဲ့ပါတယ်။
Post a Comment