PDF ညီငယ် ညီမငယ်လေးတို့ရေ...
မင့်တို့ရဲ့ ကျဆုံးသွားတဲ့
ရဲဘော်ရဲဘက်အတွေတွက်
လက်စားချေ ဘောက်ချာစုပ်မယ်ဆိုရင်
မင့်တို့နဲ့အမြင်မတူတဲ့
ပြည်သူတွေနဲ့ တပ်မတော်သားမိသားစုဝင်တွေကို
စုပ်ရမှာမဟုတ်ပါဘူး
မင့်တို့ကို ဒီလိုဘဝပျက်အောင်
သွေးထိုးမြှောက်ပင့်ပေးပြီး သူတို့ကိုယ်တိုင်ကျတော့
ပြည်ပနိုင်ငံတွေမှာ ဇနီးမယား သားသမီးတွေကိုပါ
အပါခေါ်သွားတဲ့ လော်ဘီတွေနဲ့ NUGအဖွဲ့က
အကောင်တွေကို လက်စားချေရမှာပါ။
( ဖြစ်နိုင်ရင် လက်စားချေခြင်းတွေ မလုပ်ပါနဲ့ )
မင့်တို့တတွေက
မြေပြင်မှာ တပ်မတော်နဲ့ သူဂိကိုယ်ဂိ
တိုက်ပွဲဝင်နေတဲ့အချိန် သူတွေကတော့
ဒူးနန့်ပြီး မင့်တို့ ဘယ်လောက်ဂိလည်းဆိုတာကို
စုံစမ်းပြီး အလှူ ခံကာ ဘဝကို သာယာနေကြတာပါ။
မင့်တို့က ဂိလို့
သရဏဂုံ အတင်ခံရဖို့နေသာသာ
လျော်ကြေးဆိုတာ ဝေလာဝေး
မိဘဆွေမျိုးသားချင်းတွေတောင် မသိရတဲ့ဘဝ😥
သူတို့ကတော့
မင့်တို့ဂိတဲ့အပေါ်မှာ အခြေခံပြီး
အလှူ ခံ အလှူခံလို့ရတဲ့ငွေတွေနဲ့ မိသားစုအတူ
စားသောက်နေကြတာပါ
ကဲ
ငါ့ညီ ညီမလေးတို့ကို
တစ်ခုလောက်မေးကြည့်မယ်နော်!
အခု တော်လှန်ရေးကာလ နှစ်နှစ်ကျော်လာပြီ
အလှူခံ ပုဂ္ဂိုလ်တွေရဲ့ ဝင်ငွေ ရှင်းတမ်း သိရလား?
( နဂါးနဲ့တောင် ပြဿနာတက်နေကြပြီ)
ပြည်ပထွက်ပြေးသွားတဲ့
NLD ပါတီဝင်/နိုင်ငံရေးသမားတွေနဲ့
လော်ဘီ ၃၀၀၀ ကျော်မှာ ဘယ်သူကများ
သူတို့ရဲ့သားသမီး ညီ ညီမ လငျယောကြာငျ်းတှကေို
စကစကို အပြုတ်တိုက်ဖို့အတွက် မြန်မာပြည်မှာ
ချန်ထားခဲ့တာ ရှိကြသလား?
အချို့ဆိုရင် သူတို့မိသားစု
ထမင်းငတ်မှာကြောက်လို့ အနုပညာအလုပ်တွေ
အွန်လိုင်းစျေးရောင်းတာတွေတောင် ပြန်လုပ်နေကြပြီ။
( ခင်ဝင့်ဝါ ၊ မေပန်းချီ ၊ ခိုင်သင်းကြည် ၊ သက်မွန်မြင့့် )
မင့်တို့မှာလည်း အသက်နဲ့ မိသားစုနဲ့
သူတို့မှာလည်း အသက်နဲ့ မိသားစုနဲ့
ဒါကို သူတို့ကြတော့ ပြည်ပကို ထွက်ပြေးကြပြီး
မင့်တို့ကိုကြတော့ စကစကိုတော်လှန်ဖို့ ဘာလို့
မြှောက်ပေးနေရသလဲ?
မနိုင်မှန်းသိလို့ မိသားစုနဲ့အတူ ထွက်ပြေးပြီး
အရေးတော်ပုံအောင်တော့မည်လို့ အော်နေတာဟာ
မင့်တို့ကို များများဂိခိုင်းနေတာနဲ့ အတူတူပါဘဲ
ဒီတော့ကွာ
မင့်တို့ကို ပြောချင်တာက
သူများမိသားစုတွေ အလှူခံငွေတွေနဲ့
ချမ်းသာသွားအောင် လုပ်ဆောင်ပေးနေမယ့်အစား
ကိုယ့်ဘဝတတ်လမ်း ၊ ကိုယ့်မိသားစု စုံစုံလင်လင်
နေလို့ရမယ့် ဘဝမျိုးကို လျှောက်လှမ်းကြပါ။
ဒီပိုစ့်ကိုဖတ်ပြီး
ဆဲလို့လည်းရတယ် ၊ RP ထုလို့လည်းရတယ်
မင့်တို့လုပ်ချင်တာကို လုပ်ပြီးတာနဲ့
ငါ..ရေးတာတွေကို
သေခြာလေးပြန်ပြီး တွေးကြည့်ကြ
တွေးကြည့်လို့
အသိတရားဝင်လာပြီဆိုတာနဲ့
ပြည်သူအပေါ် အပြစ်လုပ်ထားတာတွေ ရှိခဲ့ရင်လည်း
ဝန်ချတောင်းပန်ပြီး
ဥပဒေက ပေးလာမယ့်
ပြစ်ဒဏ်တွေကိုလည်း ကျေကျေနပ်ကြီး
ခံယူလိုက်ကြပါ။
မင့်တို့ဘက်ကသာ
အမှန်တကယ် အသိတရားရရှိပြီး
ပြုပြင်ချင်တဲ့စိတ် ရှိတယ်ဆိုရင်လေ
တပ်မတော်ခေါင်းဆောင်ကြီးတွေ ဘက်ကလည်း
သနားဂရုဏာသက်ကာ ပြစ်ဒဏ်တွေ
လျော့ပေါ့ပေးမှာပါ။
ဘာလို့လည်းဆိုတော့
ငါ့ညီလေး ညီမလေးတို့တတွေဟာ
ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ဖြစ်နေလို့ပါဘဲ။
" ဆဲလိုက ဆဲနိုင်သလို ၊ RPထုလိုက ထုနိုင်ပါသည် "
#သံချောင်း (ချယ်ရီမြေ)
Post a Comment