ရှောင်တာနယ် ကို ပြန်လွှတ်ပေးလိုက်တဲ့ အကျိုးဆက်တွေ


စင်ကာပူနိုင်ငံရဲ့ အကြီးဆုံးဘဏ်တစ်ခုဖြစ်တဲ့ UOB ဘဏ်က မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတွေအားလုံးကို  စက်တင်ဘာလ ၁ ရက်နေ့ကနေစပြီး  ရပ်ဆိုင်းတော့မှာဖြစ်‌ေကြာင်း တရားဝင်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံ ဘဏ်တွေကတဆင့် UOB ဘဏ်တွေမှာ ငွေသွင်းငွေထုတ်လုပ်တာ၊ မြန်မာငွေစာရင်းအကောင့်တွေကနေ ငွေသွင်းငွေထုတ်လုပ်တာတွေအားလုံးကို ရပ်ဆိုင်းမှာဖြစ်ပြီး UOB ဘဏ်အကောင့်အချင်းချင်း ငွေလွှဲလုပ်တာကိုပဲ ခွင့်ပြုတော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ UOB ဘဏ်စာရင်း ၅ ခုကိုလည်း ပိတ်သွားမယ်လို့ အဲဒီဘဏ်က ကြေညာာထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အမေရိကန်ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံရဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့နဲ့ အလုပ်တွဲလုပ်တာတွေကို စောင့်ကြည့်ပြီး အရေးယူမယ်လို့ ကြေညာပြီးတဲ့နောက် အခုလို ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။

Post a Comment

Previous Post Next Post