ခုနောက်ပိုင်း လူမှူ့ကွန်ယက်မှာ ကာတွန်းရေးတဲ့သူတွေက သံဃာတော်တွေပုံနဲ့ ရုပ်ပြောင်ကာတွန်းတွေ တော်တော်များမျာ ရေးဆွဲလာတာ တွေ့နေရတယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားရတနာ တရားရတနာ သံဃာရတနာ ဆိုတဲ့ ရတနာသုံးပါးဟာ ဘာသာဝင်တွေရဲ့ အထွတ်အထိပ် ကိုးကွယ်အားထားရပါ။
ဘုရားရှင်ပေါ်ပေါက်ခဲ့လို့ အဆုံးအမတွေဖြစ်တဲ့ တရားရတနာ နဲ့ တရားတော်တွေကိုစောင့်ထိမ်းဖို့ သံဃာရတနာ ဆိုပြီးပေါ်လာရတာ။
သံဃာရတနာဟာ လှောင်ပြောင်ရန်မဟုတ်ပါဘူး။
ဒီထက်အံ့သြစရာ ကောင်းတာက အဲဒီလိုပုံတွေတွေ့ရင် ရဟန်းသံဃာတော်တွေကိုယ်တိုင် ရယ်စရာဝင်ရေးတယ် ၊ ပြန်မျှဝေကြတယ်၊ ဒါဟာ သာသာနာအတွက် သိက္ခာကျစရာပါပဲ။
ဒါ့ကြောင့် သံဃာတော်တွေပုံနဲ့ ကာတွန်းရေးဆွဲ ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
ဗုဒ္ဓ ဘာသာဟာ သီလ သမာဓိ ပညာ ကိုအလေးထားတဲ့ ဘာသာပါ၊
စော်ကားစရာ လှောင်ပြောင်စရာ မဟုတ်ပါဘူး။
ဗုဒ္ဓက ငါဘုရားသည် တရားတော်အပေါ် အမြဲအရိုအသေတန်ဖိုးထားသကဲ့သို့ သံဃာတော်အပေါ်၌လည်း အလေးအမြတ်ထား၏ လို့ မိန့်ခဲ့ဘူးပါတယ်။
သံဃာကို လှောင်ပြောင်တာ ဘုရားရှင်ကို လှောင်ပြောင်တာပါပဲ။
ဘဝတခုမှာ
ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို လှောင်ပြောင်မိလို့
ခုဇ္စုတ္တရာ ဟာ အမျိုးယုတ်တဲ့ဘဝတွေမှာသာ ဖြစ်ခဲ့ရပြီး သောတာပန်ဖြစ်မဲ့ ဘဝမှာတောင် ကျွန်မ ဖြစ်ခဲ့ရတယ် ။
သံဃာတော်တွေကို လှောင်ပြောင်တာဟာ ဖြစ်လေရာ ဘဝမှာ အမျိုးယုတ်တတ်တာမို့ အဲဒီလိုပုံတွေတွေ့ရင် ဗုဒ္ဓဘာသာဝင်များအနေ နဲ့ အားမပေးကြဖို့ တိုက်တွန်းပါရစေ။
သံဃာကို လှောင်ပြောင်တာဟာ ဘုရားရှင်ကို လှောင်ပြောင်ရာကျပါတယ်၊ ရတနာ သုံးပါး တန်ဖို့ကို ပျက်ရယ်ပြုရာ ကျပါတယ်။
ဒါ့ကြောင့်
သံဃာတော်ပုံတွေနဲ့
ကာတွန်းရေးဆွဲတာကို
ပြင်းပြင်း ထန်ထန်ကန့်ကွက်ပါတယ်။
ဦးမြင့်ခိုင်
Post a Comment