ဓမ္မလား အဓမ္မလား...?

ရုပ်ရှင်တကားရိုက်ရင် သရုပ်ဆောင်ကြေးက   မင်းသားနဲ့ မင်းသမီးအများဆုံးရတယ်။

ဇာတ်ကားရဲ့ထုတ်လုပ်မှုကုန်ကျစရိတ် ၉၀ ရာနှုန်းကျော်က မင်းသား မင်းသမီး ကိုပေးရတာနဲ့ ကုန်တယ်။ ဇာတ်ပို့ ဇာတ်ရံ မီးထိုးမှန်ထိုး စက်သမားတွေက မင်းသားမင်းသမီး ယူပြီးလို့ကျန်တဲ့ အရိုးအရင်းကိုပဲ စားကြရတယ်။ ဝါသနာအရ လုပ်နေကြတဲ့ ဇာတ်ပို့ဇာတ်ရံတွေဆိုရင် လွန်စွာ ဆင်းရဲကြတယ်။ မင်းသားမင်းသမီးတွေပဲ နာမည်ကြီးပြီး ကျိကျိတက်ချမ်းသာကုန်တယ်။ မင်းသားမင်းသမီးတွေက ရိုက်ကြေး အဆမတန်ယူကြလို့  အတူတူ ရုပ်ရှင်ရိုက်ကြရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆင်းရဲတွင်းကျ ဒုက္ခရောက်နေကြတာကို ကူညီကယ်ဆယ်ဖူးကြလား။ လုပ်ဖော်ကိုင်ဖက်တွေကို ပရိသတ်အားပေးလို့ရတဲ့ နာမည်ပုံရိပ်နဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်ယူနေကြသူတွေက အများအကျိုးအတွက်  တိုက်ပွဲဝင်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားနော်။ နိုင်ငံရေးလုပ်ပြရင် ပရိသတ်အားပေးမှုရလို့ နာမည် ပုံရိပ်ကြီးမားအောင် အမြတ်ထုတ်နေတာပဲဖြစ်တယ်။ ကြီးမားလာတဲ့ နာမည်ပုံရိပ်နဲ့ လုပ်ဖော်ကိုင်ဖက် ရုပ်ရှင်သမားတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ် ဂုတ်သွေးစုတ်နေဦးမှာပဲ။ မင်းသား မင်းသမီးတွေကျိကျိတက်ချမ်းသာနေကြပြီး အောက်ခြေရုပ်ရှင်လောကသားတွေ ဆင်းရဲနေကြတာက ဓမ္မလား အဓမ္မလား စဥ်းစားကြပေါ့နော်။

Post a Comment

Previous Post Next Post