ပြည်သူများသတင်း​ပေးမှု​ကြောင့် အကြမ်းဖက်စခန်းတစ်ခုစီးနင်းခံရ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာအနီး၌ PDF အကြမ်းဖက်သမားများခိုအောင်းနေထိုင်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦအတွင်းမှ Super Custom မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၃ စီးတို့နှင့်အတူ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်လုပ်သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

#Shweba

Post a Comment

Previous Post Next Post