၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်

၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အထိ မောင်းနှင်နိုင်မယ်ဆိုတဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာ မိတ်ဆက်
လျှပ်စစ်ကားလောကကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ ဘက်ထရီနည်းပညာသစ်ကို တိုယိုတာကုမ္ပဏီက မိတ်ဆက်လိုက်ပါပြီ။ ၁၀ မိနစ် အားသွင်းပြီး မိုင် ၉၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်းရှိတယ်ဆိုတဲ့  solid-state ဘက်ထရီ နည်းပညာကို တိုယိုတာကုမ္ပဏီက သိုသိပ်စွာ အဆင့်မြှင့်တင်နေတာပါ။
၂၀၂၅ ခုနှစ်မှာ ဘက်ထရီနည်းပညာသစ် အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေကို ဈေးကွက်ထဲ ရောင်းချနိုင်ဖို့ တိုယိုတာက ရည်မှန်းနေပါတယ်။ solid-state ဘက်ထရီဟာ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနဲ့ယှဉ်ရင် အားသိုလှောင်နိုင်စွမ်း ပိုမြင့်မားပြီး အားသွင်းချိန်လည်း တိုတောင်းပါတယ်။ ဒါ့အပြင် မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ပိုနည်းပါတယ်။
တိုယိုတာကုမ္ပဏီဟာ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေမှာလည်း performance နဲ့ popularized ဆိုတဲ့ မျိုးဆက်သစ် ဘက်ထရီ တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

Post a Comment

Previous Post Next Post