အဖျက်အမှောင့်နှင့်ကပျက်ယပျက်


ယနေ့မနက်လမ်းလျောက်ရင်းရှေ့ကအဖွဲတဖွဲ့ပြောနေတဲ့စကားက"ပြည်သူ့ရင်ပြင်မှာလူတစ်ဦး​ြခင်းစီကိုစျေးနုန်းသက်သာစွာနဲ့ဆန်ဆီရောင်းချပေးနေမှုနဲ့
နိုင်ငံတော်ဘုရားကြီးမာရဝိဇယဆင်းတုတော်ကြီးအကြောင်းရယ်ဆက်စပ်ပြီးသပုတ်​လေလွင့်မဟုတ်မမှန်လုပ်ကြံလီဆယ်ပြောဆိုနေကြတာကြားရတော့
အ့ံအားသင့်မိတယ်။
အဖျက်အမှောင့်လုပ်ငန်းဆိုတာမြေအောက်ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကလုပ်ကြလေ့ရှိတယ်။
public areaတို့အများပြည်သူနဲ့ဆိုင်တဲ့လုပ်ငန်းတွေကိုနှောက်ယှက်တာဖျက်ဆီးတာတိုက်ခိုက်တာတွေ
လုပ်ကြတာကိုအဖျက်အမှောက်လုပ်ငန်းလို့သတ်မှတ်ကြတာဘဲ။
အဖျက်အမှောက်လုပ်တဲ့သူတွေကကိုယ်လုပ်လိုက်တဲ့ဖေါက်ခွဲဖျက်ဆီးရေးလုပ်ငန်းဟာပြည်သူလူထုလူအများစုကိုဘယ်လိုထိခိုက်စေတယ်ဆိုတာမ
စဥျးစားကွဘူး။
ဥပမာ...မီးရထားလမ်းမိုင်းခွဲတာတံတားတွေမိုင်းခွှဲဖျက်ဆီးတာဆည်တွေလမ်းတွေဖျက်ဆီးတာဆေးရုံစာသင်ကျောင်း​တွေ ေေေအစရှိတဲ့အများပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့နေရာတွေကိုမိုင်းခွဲတိုက်ခိုက်မီးရှို့ဖျက်ဆီးတာတွေ...စတာတွေဟာအဖျက်အမှောက်လုပ်ငန်းတွေဘဲ။အဖျက်အမှောက်လုပ်ငန်းကြောင့်အဓိကဆုံးရှုံးနစ်နာထိခိုက်တာက
အများပြည်သူလူထုဘဲ။
တနည်းအားဖြင့်အများပြည်သူရဲ့အခြေခံရပိုင်ခွင့်အခွင့်အရေးဖြစ်တဲ့
အသက်ရှင်ရပ်တည်ခွင့်ပညာသင်ကြားခွင့်ဆေးဝါးကုသခံယူခွင့်ရောင်းဝယ်ဖေါက်ကားကူးသန်းသွားလာခွင့်...ဒါတွေကိုဖျက်ဆီးတာဘဲ။
အဖျက်အမှောက်လိုကိုယ်ထိလက်ရောက်တိုက်ခိုက်ဖျက်ဆီးတာမျိုးမဟုတ်ပေမဲ့ကိုယ်အမူအယာအားဖြင့်၎င်းနုတ်အမူအယာအားဖြင့်၎င်းအများပြည်သူလူထုရဲ့အခွင့်အရေးအများပြည်သူလူထု
ရဲ့ရပိုင်ခွင့်စတာတွေကိုပျက်စီးစေဘို့ရည်ရွယ်ချက်နဲ့ကိုယ်နုတ်အမူအယာအားဖြင့်ပြောဆိုပြုလုပ်မှုမှန်သမျှကို...."ကပျက်ယပျက်"...လုပ်ကြတယ်။
ဥပမာ....မာရဝိဇယဘုရားကြီးကိုcrying buddaလို့
ပြောတာတို့။မာရဝီဇယဘုရားကြီးဖူးဘို့၅၀၀၀ပေးပြီးမလိုက်မနေရလိုက်ခေါ်နေတယ်တို့...စတာတွေပေါ့။ဒီနေ့လမ်းလျောက်ရင်းပြောနေသံကြားလိုက်တာကတော့ပြည်သူ့ရင်ပြင်မှာလူတယောက်ဆီတဗူးဆန်တအိတ်ရောင်းပေးပြီးဘုရားကြီးဖူးဘို့ချောဆွဲနေတယ်ဆိုတဲ့စကားမျိုးတွေပါ။ပြောတဲ့သူတွေကရည်ရည်မွန်မွန်သန့်သန့်​ြပန့်ပြန့်ဘဲ။သို့သော်သူတို့ဒီလိုစကားမျိုးကိုအစိုးရဆန့်ကျင်စိတ်နဲ့ပြောနေပေမဲ့ငါပြောတဲ့စကားဟာမဟုတ်မမှန်လုပ်ကြံလီဆယ်ပြောနေတာဆိုတာတော့သေချာပေါက်သိကြပါလိမ့်မယ်။သို့သော်သူတို့ပြောလိုက်တဲ့လုပ်ကြံလီဆယ်သပုတ်လေလွင့်အောက်တန်းကျတဲ့စကားဟာ...အများပြည်သူလူထုအတွက်စျေးသက်သာစွာရောင်းချပေးနေတဲ့အစိုးရရဲ့ရည်ရွယ်ချက်ကိုပျက်စီးစေဘို့မယုံမကြည်ဖြစ်စေဘို့ရယ်နိုင်ငံတော်ဘုရားကြီးမာရဝိဇယဆင်းတုတော်ကြီးဖူးမျော်လိုကြတဲ့အများပြည်သူလူထုရဲ့ဆန္ဒကိုဖျက်ဆီးဘို့ရယ်...ဆိုတာကိုတော့ထိုသူတွေသိချင်မှသိပါလိမ့်မယ်။
ကိုယ့်နိုင်ငံကပညာတတ်လူကုန်တန်အသိုင်းအဝိုင်းအသက်အရွယ်ရနေသူတွေကိုယ်တိုင်ကအကြောင်းအရာတခုအပေါ်ဖြစ်နိုင်မဖြစ်နိုင်ကိုယ်
ပြောတဲ့စကားဟာအများပြည်သူကိုထိခိုက်မှုရှိမရှိ
ယုတ်စွအဆုံးကိုယ်ပြောတဲ့စကားဟာကိုယ့်အတွက်အကျိုးရှိမရှိကိုယ်​ေပြာတဲ့စကားမှန်မမှန်စဥ်းစားဆင်ခြင်ချင့်ချိန်နိုင်စွမ်းမရှိကြတာအတော့ကိုနိမ့်ပါးစိတ်ဓါတ်အောက်တန်းကျကြတာဟာအတော့်ကို
ရင်လေးစရာ​ေတွကောဠဟဠတွေပျ့ံနှ့ံနေကြတဲ့အကြောင်းရင်းလည်းဖြစ်ပါလိမ့်မယ်။
(ပြောနေတဲ့သူတွေကကုန်သည်ဝယ်ရောင်းလူတန်းစားတွေဖြစ်ဖို့များတယ်)
apz110823

Post a Comment

Previous Post Next Post