စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်နယ်မြေအတွင်းမှာ PDFအဖွဲ့တွေ ယခုရက်ပိုင်းအတွင်းမှာ ၎င်းတို့အချင်းချင်းလူသတ်မှုတွေ၊ခေါင်းဆောင်နေရာလုမှုတွေနှင့် ရှုတ်ထွေလာကာ အဖွဲ့ခွဲထွက်အုပ်စုတွေနဲ့ အလွန်အကျွံရှုတ်ထွေးလာနေတာကို တွေ့ရပါတယ်။၎င်းယင်းမာပင်ခရိုင်ကို ၄ မြို့နယ်ပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ခရိုင်းအတွင်းပါဝင်တဲ့မြို့နယ်တွေကတော့ ပုလဲမြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ယင်းမာပင်မြို့နယ်နှင့်ကနီမြို့နယ်တို့ဖြစ်ကြပါတယ်။၎င်းခရိုင်မြို့နယ်အတွင်းမှာ အဖိုးတန်သစ်တောဖြစ်တဲ့ အမျိုးသားဥယျာဉ်သစ်တောကြီးတခုရှိပါတယ်။၎င်းသစ်တောကြီးကို အခြေပြု၍ ဒေသတွင်းက အကြမ်းဖက်PDFတွေက မှီးခိုကာ ၎င်းအမျိုးသားဥယျာဉ်သစ်တောမှ အဖိုးတန် ကျွန်းသစ်၊ပိတောက်သစ်၊တမလန်သစ်တွေကို ဒေသတွင်းအကြမ်းဖက်PDFတွေက လွှဝိုင်းထောင်ကာ ခုတ်လှဲရောင်းချနေကြောင်း နဂါးကိုယ်တိုင်းက ထုတ်ဖော်သလို ဒေသခံတွေက ပြောဆိုကြပါတယ်။စာရှည်မည်စိုး၍ စားဖတ်ပရိတ်သတ်ကို ၎င်းနယ်မြေအတွင်းက အကြမ်းဖက်PDFအဖွဲ့တွေအကြောင်းရှင်းလင်းတင်ပြလိုပါတယ်။
၎င်းယင်းမာပင်ခရိုင်းအတွင်းမှာ အကြမ်းဖက် PDFအဖွဲ့ပေါင်း ၄၃ ဖွဲ့(ထပ်တိုးအဖွဲ့အမည်များမပါ)ရှိပါတယ်။ ပုလဲမြို့နယ်တွင် နဂါးဦးဆောင်သောMRDAအမည်ခံအဖွဲ့ ရှိသလို ယင်းမာပင်မြို့နယ်တွင် ဗိုလ်သမဏိ(သပြေအေးဆရာတော်)ဦးဆောင်တဲ့ YMB.PDFအဖွဲ့ဟူ၍ ၎င်းခရိုင်အတွင်းမှာ လူသိများတဲ့အဖွဲ့နှစ်ဖွဲ့ရှိကြောင်းသိရပါတယ်။
အဆိုပါအဖွဲ့နှစ်ဖွဲ့ဟာ ၎င်းတို့မြေပြင်တွင် အချင်းချင်းတင်းမာကာ အုပ်ချုပ်မှု အာဏာလုမှုကြီးထွားခြင်းကို ၂၀၂၂ခုနှစ် နှစ်အစပိုင်းကတည်း စတင်ပြီး အစပျိုးလာတာဖြစ်ကြောင်းသိရပါတယ်။၎င်းတို့ နှစ်ဖွဲ့စတင်ပရိပက္ခဖြစ်လာတာကတော့ လဗို့ရွာက Hero Tiger PDFအဖွဲ့ ခေါင်းဆောင် သိုက်မောင်းနှင့်အဖွဲ့ဝင် ၁၀ ဦးကို ဗိုလ်သံမဏိ ဆိုသူက ကပိုင်ကျေးရွာသို့ ဖမ်းဆီးချုပ်နှောင်းပြီး ညတွင်းချင်း သတ်ဖြတ်လိုက်တဲ့ကိစ္စကနေ စတင်ခဲ့တာဖြစ်ပါတယ်။၎င်းPDFအဖွဲ့ဝင် ၁၀ ဦးသတ်ဖြတ်သည့်ကိစ္စကို ကျူးလွန်းသူများက အသတ်ခံရတဲ့ မိသားစုဝင်များအပေါ် တာဝန်ယူဖြေရှင်းပေးနိုင်ဖို့ ပုလဲမြို့နယ်က နဂါးကိုယ်တိုင်ဦးဆောင်ကာ ဗိုလ်သံမဏိရှိတဲ့ ကပိုင်ရွာ ဒေသကို သွားရောက်ခဲ့ရာ ဗိုလ်သံမဏိရဲ လက်ရုန်းတပ် စံလင်းကျော်(ကျောင်းဆရာ)ဦးဆောင်တဲ့PDFအဖွဲ့က ကပိုင်ရွာအတွင်းကို ပေးမဝင်ခဲ့ရာက အခြေအတင်ဖြစ်ကာ နှစ်ဖက်အဖွဲ့ကြား တင်းမာမှု စတင်လာပါတယ်။အဲဒီနောက်မှာ ဗိုလ်သံမဏိဦးဆောင်တဲ့ PDFအဖွဲ့ဟာ PDFအဖွဲ့ဝင် ၂၁ ဦးထိ သတ်ဖြတ်ထားသည့်ဇာတ်လမ်ကို ပုလဲနဂါးက လူသိရှင်ကြား မီဒီယာပေါ်မှာ ဖော်ထုတ်လိုက်သဖြင့် ယင်းမာပင်မြို့က ဗိုလ်သံမဏိ ဆိုသူဟာ လူသတ်ကောင်ကြီးအဖြစ် ဟိုးလေးတကျော်ဖြစ်ကာ ၎င်း၏အရှိန်အဝါ မှေးမှိန်သွားသည်မှာ ယခုအချိန်ထိဆိုရပါပေမည်။ ဒီပြသနာကြောင့် အလူးအလဲခံနေရတဲ့ ဗိုလ်သံမဏိဟာ ပုလဲနဂါးအပေါ် အစာမကြေပဲ ပုလဲနဂါးကို ပြန်လည်တုန့်ပြန်ဖို့ အခွင့်အခါအချိန်းကိုစောင့်ဆိုင်းနေတာဟာ ၁ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။အခွင့်ကောင်းကို စောင့်နေတဲ့ ဗိုလ်သံမဏိဟာ ပုလဲနဂါးကိုတုန့်ပြန်ဖို့ အခွင့်လမ်းတခု စနစ်တကျ ဖန်တီးလိုက်တဲ့ ဗျူဟာကတော့ ပြောင်မြောက်လွန်းတယ်လို့ ပြောရပါတော့မယ်ခင်ဗျာ။
ပုလဲနယ်မြေပြင်PDFအရှုတ်ပြသနာကတော့ ပုလဲနဂါးဩဇာအာဏာကြီးထွားလာပြီး နာမည်ကြီးလာတဲ့အခါမှာ ပုလဲမြေပြင်ပုလဲမြို့နယ်၏ ပအဖအဖွဲ့ခေါင်းဆောင် ဇော်ထက် (တိုင်းဒေသကြီးလွှတ်တော်အမတ်ဟောင်း)ဦးဆောင်တဲ့အဖွဲ့ဟာ နဂါးရဲ့ ဩဇာအရှိန်ကျဖို့ နည်းမျိုးစုံ ဖန်တီးကာ နဂါးကို စတင်ထိုးနှက်တိုက်ခိုက်လာပါတော့တယ်။ အကျဉ်းချုပ်တင်ပြရရင် ၂၀၂၀ခုနှစ်မှစ၍၂၀၂၃ လက်ရှိအချိန်ထိ အရပ်သားပြည်သူသတ်ဖြတ်မှုအယောက် ၁၀၀ ကျော်စာရင်းကို ပုလဲနဂါးဦးဆောင်တဲ့ MRDAအဖွဲ့က ကျူးလွန်တယ်ဆိုပြီး NUGထံကို ဇော်ထက်က လျှို့ဝှက်စာပို့ကာပုံဖျက်ခဲ့ပါတယ်။NUGအဖွဲ့ကလည်း နဂါးဟာ၎င်းတို့၏ ချုပ်ကိုင်မှုကို ရတဲ့သူမဟုတ်၍ နဂါးကို ချိုးနှိမ်ရန် ဗျူဟာမြောက် Plan ဆွဲပါတော့တယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ NUG အောက်ကို စာရင်းဝင်အသိမှတ်ပြုထားတဲ့ နဂါးရဲ့ တပ်ရင်း ၄ ရင်းဖြစ်တဲ့ ၃,၄,၅,၆ ရင်းတွေကို NUGအဖွဲ့က စာထုတ်ပြီး ၎င်းတို့၏ လက်အောက်ကနေ ထုတ်ပယ်လိုက်ပါတယ်။ ရုတ်တရက် စာထုတ်ပြီး ပယ်လိုက်တဲ့အချိန်မှာ နဂါးဟာ မျက်ပြူးဆလန်ဖြစ်သွားရတယ်လို သိရပါတယ်။ယခုလိုဖြစ်နေတဲ့ အချိန်တိုအတောအတွင်းမှာပဲ ပုလဲမြို့နယ် တနယ်ရွာက ဒုခေါင်းဆောင် ပကဖ ကိုသက်ဆိုသူကို ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ သေနတ်သမား ၂ ဦးက သတ်ဖြတ်သွားပြန်ပါတယ်။ ကိုသက် အသတ်ခံရမှုဟာ နဂါးရဲ့ MRDA အဖွဲ့ဝင်တွေရဲ့ လက်ချက်ဆိုပြီး ဇော်ထက်အဖွဲ့က စတင်ဝါဒဖြန်ပါတော့တယ်။ တရားခံကိုမမိသေးတော့ နဂါးလည်း ဇော်ထက်ကြံသမျှ မြေပြင်အရှုတ်ကြားမှာ အလူးအလဲခံနေရပြန်ပါတယ်။NUGက ထုတ်ပယ်လိုက်တဲ့ ရင်း ၄ ရင်းထဲက ရင်း ၆ က စစ်ဦးစီးချုပ်ဆိုသူ တင်ငြိမ်း ဆိုသူက လက်နက်တွေ အပြင်ကဲ့ထုတ်ပြီး နဂါးကို ဖမ်းဆီးဖို့
ခရိုင်းအတွင်းတိုင်ပင်ဆွဲထားကြောင်းအဖွဲ့တွင်း တိုင်းပင်တဲ့အခါမှာ နဂါးကိုလုပ်ကြံမဲ့ သတင်းက နဂါးထံပေါက်ကြားသွားပါတော့တယ်။ အဲဒီလိုပေါက်ကြားသွားတဲ့အတွက် တင်ငြိမ်းဦးဆောင်တဲ့ အဖွဲ့နောက်ကို စက်လက်အကြီးအသေး ၆ လက်နှင့် ပွိုင့်၅သေနတ်တွေ ပါသွားပြန်ပါတော့တယ်။
ဖော်ပြပါအခြေနေအရပ်ရပ်ဖြစ်ပေါ်နေချိန်မှာပဲ ဗိုလ်သံမဏိဆိုသူက ဩဂုတ်လ ၁၈ ရက်နေ့မှာ ယင်းမာပင်ခရိုင် ၄ မြို့နယ်ပေါင်းပြီး ရင် ၁၃ ရင်းကို တပ်မဟာအဖွဲ့အဖြစ် ဖွဲ့စည်းလိုက်တဲ့သတင်းက ထွက်ပေါ်လာပါတယ်။
အထက်ဖော်ပြပါအခြေအနေတွေသုံးသပ်ရမယ်ဆိုရင် -
-နဂါးရဲ့ရန်ဘက်ဖြစ်တဲ့ ဗိုလိသံမဏိက အချိန်ကိုက် တပ်မဟာအဖွဲ့ တယ်။
-ပုလဲမြို့နယ် ဇော်ထက်အဖွဲ့က နဂါးဟာ လူသတ်ကောင်ဆိုပြီး ပုံဖော်တယ်။
-NUGအဖွဲ့ကလည်း နဂါးရဲ့ရင်း ၄ ရင်းကို ကြိုတင်ထုတ်ပယ်ဖယ်ရှားလိုက်တယ်။
ဒါဟာ MRDAခေါင်းဆောင် နဂါးကို ရှင်းထုတ်ဖို့ မဟာဗျူဟာကျကျ လုပ်ဆောင်တာဖြစ်တယ်လို့ သုံသပ်တင်ပြလိုက်ပါစေခင်ဗျာ...
https://t.me/kyawswar96999
Post a Comment