NLDပါတီကို အမြဲသက်ညှာ​ပေးခဲ့တပ်မ​တော်

NLDနဲ့ နစက

NLDအစိုးရစတက်တက်ချင်း "နိုင်ငံတော်၏အတိုင်ပင်ခံဥပဒေ"ပြဌာန်းရေးလွှတ်တော်မှာ NLDနဲ့တပ်မတော်ထိပ်တိုက်ရင်ဆိုင်ကြရပြီး တပ်မတော်ဘက်က အလျှော့ပေးခဲ့လို့ အစိုးရဖင်နွေးအောင် မထိုင်လိုက်ရမယ့်ဘေးကလွတ် မြောက်ခဲ့ပါတယ်။

အခြေခံဥပဒေပေးထားချက်အရ လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့တပ် မတော် ဟာ ပြည်သူလူထုတင်မြှောက်တဲ့အစိုးရနဲ့ ထိပ်တိုက်ပြဿနာမဖြစ်ရေး ရှောင်ရှားပြီး မဖြစ်မနေ ထောက်ပြရမယ့် ကိစ္စတွေကိုသာ လွှတ်တော်မှာ အပြုသဘော ထောက်ပြ ဆွေးနွေးသွားတာ တွေ့ခဲ့ရပါတယ်။

ကိုဖီအာနန်ကော်မရှင်ဖွဲ့ရေးကိစ္စအပါအဝင် နိုင်ငံတော်လုံခြုံရေးထိခိုက်နိုင်မယ့်ဥပဒေများ ပြင်ဆင်ပယ်ဖျက်မှုများကိုလည်း မှတ်တမ်းအနေနဲ့ ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်ဆုံးဖြတ်ချက်အတိုင်းလိုက်နာခဲ့ပါတယ်။
NLDလွှတ်တော်ကိုယ်စားလှယ်တွေဟာ ခေါင်းပါစရာမလိုဘဲ ဥက္ကဌအမိန့်အတိုင်း တစ်သွေးတစ်သံတစ်မိန့် အရ ထောက်ခံ/ကန့်ကွက်ကြပြီး နိုင်ငံတော်လုံခြုံရေး၊အကျိုးစီးပွားများ
ထိခိုက်နစ်နာစေမယ့်ကိစ္စလုပ်နေကြတာကို တပ်မတော်က သီးခံ အလျှော့ပေးခဲ့ပါတယ်။

လွှတ်တော်သက်တမ်းအစိုးရသက်တမ်းငါးနှစ်ပြည့်တဲ့အထိ သီးခံခဲ့ပြီး ရွေးကောက်ပွဲပွဲမဲ မသမာမှုကိုမဖြေရှင်းဘဲ နိုင်ငံတော်အာဏာအဓမ္မရယူရန်လုပ်ဆောင်မှသာ အခြေခံဥပဒေနဲ့အညီ အာဏာဝင်ထိန်းခဲ့ပါတယ်။အာဏာထိန်းပြီးနောက်အာဏာလက်မဲ့ဖြစ်သွားတဲ့ NLDကို ပြင်း ပြင်းထန်ထန်ပြန် အရေးယူမယ်ထင်ခဲ့ကြပေမယ့်  ကြီးမားတဲ့ပြစ်မှုများနဲ့အရေးမယူတာ တွေ့ရပါတယ်။

နိုင်ငံတော်အာဏာကို အဓမ္မရယူရန်လုပ်ဆောင်မှုဆိုတာအလွန်ကြီးမားတဲ့ပြစ်မှု ဖြစ်ပေမယ့် ဒီအမှုနဲ့ အရေးယူတာ မတွေ့ရတဲ့အတွက် ဒီအမှုကျူးလွန်တာ မဟုတ်လို့အရေးမယူတာလို့ထင်မှတ်စရာ ဖြစ်သွားနိုင်ပါတယ်။

အမေရိကန်သမ္မတကိုယ်တိုင်ပြောတဲ့ဒေါ်လာတစ်ဘီလီယံ ကိစ္စ၊ အမေရိကန်သံရုံး(ရန်ကုန်)က အကြိမ်ကြိမ်ပြင်ဆင်ချက်လုပ် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးပါတီများသို့ ဒေါ်လာ ၄၅သန်းထောက်ပံ့မှုကိစ္စများကို အများပြည်သူအမြင်ရှင်းအောင် ရှင်းရှင်းလင်းလင်းထုတ်ပြန်ပေးသင့်ပါတယ်။

တပ်မတော်ဘက်ဂျက်အသုံးစရိတ်အသေးစိတ်သိလို ပါတယ် ဆိုတဲ့ NLDအမတ်တွေက (ဖေ့ဘုတ်ကိုထိန်းချုပ်ဖို့)ပြည်သူ့ဘဏ္ဍာနိုင်ငံတော်သမ္မတအရေးပေါ်ရန်ပုံငွေ က ကျပ်သန်းပေါင်း ၆၄၂၆ သန်းထုတ်သုံးတာ လုံခြုံရေးအရ အသေး စိတ်အသုံးစာရင်းမပြနိုင်ဘူးလို့လာဖြေရှင်းတဲ့ ဝန်ကြီးကို သဘောတူ လက်ခံခဲ့တဲ့ငွေစာရင်းကိစ္စမျိုးကလည်းပြည်သူလူထု ရှင်းရှင်းလင်းလင်းသိရအောင်ဖော်ထုတ်သင့်ပါတယ်။

NLDလက်ထက်က ဘီလီယံနဲ့ချီတဲ့ အဂတိမှုများအဖြစ်နာမည်ကြီးခဲ့တဲ့စီမံဘဏ္ဍာဝန်ကြီး၊လျှပ်စစ်ဝန်ကြီး၊စက်မှုဝန်ကြီးများရဲ့အမှုများကိုလည်းပြည်သူလူထု အဖြစ်မှန် သိရအောင်ရှင်းပြသင့်ပါတယ်။

အမေစုနဲ့ပိုင်ရင်လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့အချိုးနဲ့ ပြည်သူ့ဘဏ္ဍာသန်းပေါင်းများစွာထင်တိုင်းကြဲ သွားတဲ့ ရန်ကုန် တိုင်းဝန်ကြီးချုပ် လုပ်ဆောင်ခဲ့မှုတွေကိုလည်း အများပြည်သူသိအောင် ရှင်းပြပေးသင့်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို မထီမဲ့မြင်ပြုပြီး ပါတီစာရင်းစစ်မခံလည်းအရေးယူမခံရဘဲ အခွင့်ထူးခံပါတီဖြစ်ခဲ့ပြီး ပါတီပြန်လည်မှတ်ပုံမတင်လို့သာ တရားဝင်နိုင်ငံရေးပါတီအဖြစ်ကပယ်ဖျက်ခံရတဲ့ NLD၊အာဏာရှိစဥ်ကတပ်မတော်ကိုထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့NLDဟာ  နစက လက်ထက်မှာလည်း လျှော့ပေါ့သက်ညှာမှုများစွာ ရခဲ့ပါတယ်။

ThaungLwinHein

Post a Comment

Previous Post Next Post