အကြမ်းဖက် NUG ကိုစွန့်ခွာကာ လက်နက်များဖြင့် အလင်းဝင်လာသည့် PDF အဖွဲ့ဝင် ၁၇ ဉီးအား ငွေကျပ်သိန်းပေါင်း ၅၆၀ ကျော်ချီးမြှင့်


"အကြမ်းဖက် NUG ကိုစွန့်ခွာကာ လက်နက်များဖြင့် အလင်းဝင်လာသည့် PDF အဖွဲ့ဝင် ၁၇ ဉီးအား ငွေကျပ်သိန်းပေါင်း ၅၆၀ ကျော်ချီးမြှင့်"

ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေသည့် NUG ကို ရွံရှာမုန်းတီးကာ လက်နက်များဖြင့် အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များကို နစကမှ ကောင်းမွန်စွာလက်ခံကြိုဆို၍ ဆုငွေများအသီးသီးပေးအပ်ပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

အဆိုပါ မိဘများထံ လွှဲပြောင်းအပ်နှံသည့်အခမ်းအနားများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့၌ ယနေ့ (သြဂုတ် ၂ ရက်)တွင် အသီးသီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားများ၌ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဉီးနှင့် အမျိုးသမီး ၁ ဉီးတို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး ၄တို့နှင့်အတူ မောင်းပြန်သေနတ် ၄ လက်၊ ပစ္စတိုသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၂ လုံးတို့ ပါဝင်ခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်လာသူ ၄ ဉီးအား တစ်ဉီးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ကာ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်လာသူ ၁ ဉီးအား ငွေကျပ်သိန်း ၂၀ ချီးမြှင့်ပြီး လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၂ လုံးတို့ဖြင့် အလင်းဝင်လာသူ ၁ ဉီးအား ငွေကျပ် ၇ သိန်း ချီးမြှင့်ခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း အလင်းဝင်လာသူများအား တစ်ဉီးလျှင် ငွေကျပ်သိန်း ၂၀ စီ ချီးမြှင့်ခဲ့ပြီး စုစုပေါင်းငွေကျပ် ၅၆၇ သိန်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။

#mhtnews

Post a Comment

Previous Post Next Post