NUG နဲ့ PDF အကွဲအပြဲဇာတ်လမ်း


နွေဦးတော်လှန်ရေးအကွဲအပြဲဇာတ်လမ်းထဲမှာ လူစိတ်ဝင်စားဆုံးပွဲကတော့ ပုလဲနဂါးနဲ့ မမပန်တို့ရဲ့ အကွဲအပြဲဖြစ်ပါတယ်..

ဘာကြောင့် လူအများစိတ်ဝင်စားရလဲဆိုရင်တော့ သူတို့ရဲ့ အပြန်အလှန် Live ပြောဆိုချက်တွေအရ ပုဂ္ဂိုလ်ရေးအကွဲအပြဲ သက်သက်သာမက NUG နဲ့ Local PDF တို့ရဲ့ အကွဲအပြဲဖြစ်လို့ ဖြစ်မယ်ထင်ပါတယ်…

ပုလဲနဂါးရဲ့ တစ်ဗိုလ်တစ်မင်း ဆန်ဆန် ရပ်တည်လှုပ်ရှားမှုများက NUG လက်အောက်ခံ ပကဖ တွေနဲ့ ငြိလာပြီး  NUG အားနည်းချက်တွေကို ပုလဲနဂါး ထောက်ပြဝေဖန်မှုများဟာ NUG အတွက် အရှိုက်ထိခဲ့ပါတယ်…

ဒါကြောင့်လည်း NUG လော်ဘီအမာခံ မမပန်က မနေနိုင်တော့ဘဲ သူထုံစံအတိုင်း ပုလဲနဂါးကို ပက်ပက်စက်စက်ပြောဆိုခဲ့ပါတယ်…မမပန်ရဲ့ ပြောဆိုမှုတွေကို ထုံးစံအတိုင်း သူ့နောက်လိုက် Follower များက နဂါးကို ထပ်မံ ဖိအား​ပေးလာတာကြောင့် နဂါး အလဲအကွဲဖြစ်လာလို့ ပုလဲနဂါးကလည်း မမပန်ရဲ့ အတွင်းရေးတွေ ဖောက်သည်ချလိုက်တော့ မမပန်အထိနာခဲ့ပါတယ်…

နဂါးရဲ့ ထုတ်ဖော်ပြောဆိုချက်များအရ မမပန်ရဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ မိသားစုကောင်းစားရေးနဲ့ စကစနဲ့ ဆက်နွယ်မှုတွေ ပေါ်ပေါက်လာလို့ မမပန်တစ်ယောက် စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲနေတာ အားလုံးမြင်တွေ့ကြရမှာဖြစ်ပါတယ်…

ဒါ့အပြင် မမပန်ရဲ့ HD ဆိုပီး သူ့အကျင့် သူ့စရိုက်ကို ဖော်ပြထားတဲ့ ဗီဒီယို ဖိုင်တွေ ထွက်ပေါ်လာလို့ မမပန်တစ်ယောက် အားလုံးကို ပတ်ဆဲနေတာကိုလည်း မြင်တွေ့နေရပါတယ်..

သန္ဓေမမှန် မူမမှန်ကြသူတွေ အချင်းချင်း ဖော်ကောင်လုပ်နေတဲ့အပေါ် အားမလိုအားမရဖြစ်နေသူများရဲ့ အကွဲအပြဲ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း ထိထိမိမိရှိလို့ လူအများအကြိုက်ဖြစ်နေပါတယ်နော်….

#ခင်ညိုချော

Post a Comment

Previous Post Next Post