NUG ရဲ့အင်အားအများဆုံးဟာတောင်ပိုင်းစစ်ဒေသမှာရှိနေသလို နိုင်ငံတကာထောက်ပံ့မှုတွေအများဆုံးရနေတဲ့ဒေသလည်းဖြစ်တယ်
တစ်ဖက်နိုင်ငံကပံ့ပိုးကူညီမှု နိုင်ငံတကာကပံ့ပိုးကူညီမှုတွေကိုအလွယ်တကူရနိုင်တဲ့ဒေသပါ
လိုချင်တာမြဝတီနဲ့ အာရှလမ်းမကြီးပေါ်ကမြို့တွေ
အဲမြို့တွေရမှထိုင်းကပို့ဆောင်မဲ့ လက်နက်ခဲယမ်း
ထောက်ပံ့ပို့ဆောင်ရေးအလုပ်ဖြစ်မယ်
မော်လမြိုင်ထိရခဲ့ရင် ဒါမှမဟုတ်ထိမ်းချုပ်နိုင်ခဲ့ရင်
သံလွင်မြစ်အရှေ့ဖက်ခြမ်းကိုလွတ်မြောက်နယ်မြေကြေညာမယ်
အခြေအနေကောင်းခဲ့ရင်မြန်မာပြည်အတွင်းပိုင်းထိစစ်မျက်နှာထပ်တိုးပီး စစ်တောင်းမြစ်အရှေ့ခြမ်းတစ်ခုလုံးကိုလွတ်မြောက်နယ်မြေကြေညာမယ်
စစ်တောင်းမြစ်ဝှမ်းအရှေ့ဖက်ဒေသဟာစားနပ်ရိက္ခာပေါများတယ် နပတ ရန်ကုန် ပဲခူး
မြို့တွေနဲ့အနီးဆုံးဒေသဖြစ်တယ်
အဲဒေသကိုရနိုင်ရင် စစ်ကစားလို့ကောင်းသလိုထပ်တလဲလဲကြေညာလို့ပြည်သူတွေအယုံအကြည်မဲ့လာတဲ့ပြည်သိမ်းတိုက်ပွဲဆိုတာမျိုးကိုဖာထေးနိုင်တယ်လို့တွက်ဆထားပုံရတယ်
စစ်တောင်းမြစ်အရှေ့ဖက်ဒေသတစ်လျောက်မြို့တွေရွာတွေမှာရှိတဲ့ကားမီးရထားလမ်းတွေကိုခပ်စိတ်စိတ်ဖျက်လာခဲ့သလို သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ KNU ကိုစည်းရုံးပီးတိုက်ပွဲတွေအဆက်မပြတ်လုပ်လာခဲ့တယ်
လမ်းအားလုံးနေပြည်တော်သို့ လို့ပြောနေတာဟာအဲဒေသတွေကိုရနိုင်မှ ဒါမှမဟုတ် ထိမ်းချုပ်နိုင်မှဖြစ်နိုင်မယ်
မဟုတ်ရင်မကြာမီကလိုင်းပေါ်တက်လာတဲ့ ဘို့မသံတောင်စခန်းတိုက်ခံရပီးပုခက်စီးပြန်သွားရသလိုပဲဖြစ်နေမယ်
ဒါပေမဲ့ မလမ ဘားအံ လို တိုင်းစစ်ဌာနချုပ် တပ်မဌာနချုပ်တွေထိုင်နေတဲ့မြို့တွေအသာထား BGF ထိမ်းထားတဲ့မြဝတီမြို့ကိုအနားမကပ်နိုင်ဖြစ်နေတာ
မြဝတီမြို့ကိုထိမ်းချုပ်နိုင်တဲ့လက်ခတ်တောင်စခန်းဖြစ်စဥ်ဟာ NUG ရဲ့စီမံချက်ကိုမြင်သာထင်သာရှိလာခဲ့တယ် ရှိသမျှလူ လက်နက်အင်အားပုံအောပြီးသုံးလာတာတွေ့လာရတယ်
အခိုင်အမာဆောက်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေမှာပဒက် ရှိသမျအင်အားတွေရာချီပြီးရောက်လာကြ နေရာယူကြနဲ့ တစ်ကယ့်အခိုင်အမာစခန်းကြီးဖြစ်လာခဲ့တယ်
NUG ရဲ့လေတပ်ဆိုပြီးပြောပြောနေကြတဲ့ federal wings တွေကိုပါထပ်ဖြည့်လိုက်တော့မြဝတီမြို့ကို
အလွယ်တကူထိမ်းချုပ်လာနိုင်တော့မဲ့အနေအထားဖြစ်နေတယ်
ဒါကြောင့်တပ်မတော်ကပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ် နောက်ဆုံးတော့ ပဒက်တွေအထွေးလိုက်ကျနေတဲ့ ဗွီဒီယိုဖိုင်တွေ မွစာတက်နေတဲ့ တောင်တွေရယ်ကအဖြတစ်ခုကိုပေးသွားခဲ့ပါပြီ။
crd#myananthazin
Post a Comment