အကြမ်းဖက် NUG နဲ့ ဒေါ်လာစား ပြည်ဖျက်မီဒီယာတွေက "ငါတို့နိုင်နေပြီ" ဆိုပြီး ဂျင်းထည့်နေတာကို သိရှိသွားကြတဲ့ PDF အဖွဲ့ဝင် ၅ ဉီးတို့ဟာ အကြမ်းဖက် NUG ကို နှုတ်မဆက်ဘဲ ရုတ်တရက် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို အလင်းဝင်လာတဲ့ ကချင်ပြည်နယ်၊ ပူတာအိုမြို့နဲ့ နောင်မွန်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၅ ဦးကို တာဝန်ရှိသူတွေက ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ၄တို့ရဲ့ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံတဲ့အခမ်းအနားကို ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမမှာ သြဂုတ် ၇ ရက်က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့တဲ့ PDF အဖွဲ့ဝင်တွေကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၄တို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#mhtnews
Post a Comment