သမိုင်းမှားများကို ချဲ့ကားပြောဆိုကာ လူထုထောက်ခံမှုရရှိအောင် လုပ်ဆောင်နေသည့် ULA/AA ခဲဝါအဖွဲ့


ရခိုင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ အပစ်ရပ်စဲပြီးနောက် ပိုင်း ဒေသခံလူထု အပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလာသည့် AA ခဲဝါအဖွဲ့နှင့် ဒေသခံ ပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံပြီး ကိုယ်ကျိုးသုံးစွဲနေသည့် ULA/AA ခဲဝါ အဖွဲ့ဝင်များအပေါ် လူထုထောက်ခံမှုလျော့နည်းကျဆင်းလာခဲ့သဖြင့် AA ခဲဝါအဖွဲ့ အတွင်း၌ တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများပြားလာခဲ့သလို ULA/AA အဖွဲ့အတွင်း ၌လည်း နေရာလုမှုများဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ULA/AA ခဲဝါအဖွဲ့၏ ပုံရိပ်များ ကျဆင်းလာနေ၍ ၁၉၆၇ ခုနှစ်တွင် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် စစ်တွေဆန်ပြဿနာနေ့အား ရခိုင်ပြည်နယ် နေရာ အနှံ့အပြားတွင် ULA/AA ခဲဝါအဖွဲ့နှင့် ၎င်းတို့အား အားပေးထောက်ခံသည့် ပရဟိတ အမည်ခံအဖွဲ့အစည်းမျိုးစုံမှ လုပ်ဆောင်လျှက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့နေ့လည်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ နတ်အိုင်ရွာပျက်အနီး AA ခဲဝါ အဖွဲ့ အယ်လ်ဖာ(၂)စစ်ဒေသမှ ဒုနိုင်ငံရေးမှူး မင်းထီး၊ အခွန်ကောက်ခံရေး တာဝန်ခံ ပြည်သိမ်း၊ မောင်တောမြို့နယ်တောင်ပိုင်း နယ်မြေမှူး စစ်မင်းအောင်၊ မောင်တောမြို့ပေါ် နယ်မြေမှူး မောင်မောင်ထွန်း တို့ခေါင်းဆောင်သည့် ULA/AA ခဲဝါ အဖွဲ့ဝင် ၂၀ ဦးခန့်က မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မရုံမှာ မောင်တောမြို့နယ်အတွင်းရှိ ULA/AA ခဲဝါအဖွဲ့မှ ဖွဲ့စည်းပေးထား သည့် ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင် ၈၀ ဦးခန့်အား ခေါ်ယူကာ စစ်တွေဆန် ပြဿနာနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ အမည်မဖော်လိုသူ ကံပြင်သာစည် ကျေးရွာသားတစ်ဦးက ဆိုပါတယ်။
မောင်တောမြို့ပေါ်မှ ULA/AA ခဲဝါအဖွဲ့ဝင်များဟာ မောင်တောမြို့ပေါ်ရှိ မြို့မိ/ဖ အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်များအား အခမ်းအနား တက်ရောက်ရန်  ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်းမရှိသဖြင့် အခမ်းအနားအပြီးတွင် ဒုနိုင်ငံရေးမှူး မင်းထီးက မောင်တောနယ်မြေမှူး မောင်မောင်ထွန်း၊ မောင်တော မြို့နယ်တောင်ပိုင်း နယ်မြေမှူး စစ်မင်းအောင်တို့ကို ရသေ့တောင်မြို့နယ်၊ သိမ်တောင်ကျေးရွာရှိ နယ်မြေ(၂)ရုံးသို့ ခေါ်ယူထားတယ်လို့ ULA/AA အဖွဲ့နှင့် နီးစပ်သူတစ်ဦးထံက သိရပါတယ်။

Post a Comment

Previous Post Next Post