ကုလသမဂ္ဂကြီးစိုးရိမ်နေပြီ❗️


အိန္ဒိယမှာကျင်းပနေတဲ့ G20 ထိပ်သီးအစည်း
အဝေးပွဲမှာ ပြောတဲ့စကားက -

"တကယ်တော့ ကျနော်တို့ဟာ ကမ္ဘာ့မိသားစုတခု ဖြစ်ကြပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်တဲ့ မိသားစုလို ဖြစ်နေပါတယ်။ ကွဲပြားမှုတွေ တိုးလာနေသလို တင်းမာမှုတွေနဲ့ ယုံကြည်မှုလည်း ပျက်ပြားလာနေတာကြောင့် အပိုင်းပိုင်းကွဲအောင် ဝိုင်းလုပ်သလို ဖြစ်နေပြီး အဆိုးဆုံးက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာတာပါ။” လို့ အတွင်းရေးမှူးချုပ်က ပြောသွားတာပါ။

အမေရိကန်ဗိုလ်ကျစိုးမိုးလာခဲ့တဲ့တလျှောက်လုံး
ဘက်လိုက်ဝါဒကျင့်သုံးလာခဲ့တဲ့ ကုလသမဂ္ဂဟာ
အခုအခါ
တရုတ် ရုရှားတို့ရဲ့ BRICS စီမံချက်ကြောင့်
ဂုဏ်သိက္ခာမှေးမှိန်ကျဆင်းလာတာတော့အမှန်ပါ

ကမ္ဘာကြီးဟာ ယခင်ကလို
ဝင်ရိုးတစ်ခုထဲအပေါ်မှာလည်ပတ်မနေတော့ဘဲ
အနောက်အုပ်စုကတစ်ခြမ်း
တရုတ် ရုရှားတို့ဦးဆောင်တဲ့အဖွဲ့ကတစ်ခြမ်း
ဖြစ်လာပါတယ်

ကုလသမဂ္ဂရဲ့သြဇာအာဏာဟာ
အရာမထင်တော့ဘူးလို့ပြောလို့ရနေပါပြီ
အမေရိကန်က ယူကရိန်းကိုထောက်ပံ့ခဲ့တဲ့
ဆင့်ပွားဗုံးတွေကိစ္စမှာလဲ
ကမ္ဘာကတားမြစ်ထားတဲ့လက်နက်တွေဖြစ်ပေမဲ့
ကုလသမဂ္ဂဘာမှမတတ်နှိုင်ပါဘူး

ထို့အတူ တခြားအရာများမှာ
အမေရိကန်က ချိုးဖောက်နေတာဟူသမျှ
ကုလသမဂ္ဂဘာမှ စွမ်းဆောင်နှိုင်ခြင်းမရှိပါဘူး

ဒီတော့ ကမ္ဘာကြီးနှစ်ခြမ်းကွဲတာဟာ
သူ့အတွက်က တကယ့်စိုးရိမ်စရာတော့အမှန်ပါ

BRICS အမြန်ဆုံးအောင်မြင်ပါစေဗျာ

Min Nanda

Post a Comment

Previous Post Next Post