တစ်ပါတီအာဏာရှင်စနစ်ထူထောင်ချင်တာလား

ဦးရွှေမန်းကြီး သကြန်မဏ္ဍပ်မှာ ကွေးနေအောင်က တော့ ဒါမှ စစ်သားအစစ်၊တို့ဗိုလ်ချုပ်ကွ လို့အော်ခဲ့ကြတယ်၊

ဦးရွှေမန်းကြီး ပါတီလည်းထောင်ရော ဆဲလိုက်ကြတာ မိုးမွှန်လို့၊

ဗိုလ်ချုပ် လွန်းမောင် လမ်းဘေးမှာ ထမင်းဆိုင်လေးဖွင့်ရောင်းနေတော့ မရောက်ရောက်အောင်သွားပြီးဓာတ်ပုံတွေတွဲရိုက်ကြ၊

ဒါမှမခိုးတဲ့ဗိုလ်ချုပ်၊ဗိုလ်ချုပ်အောင်ဆန်းပြီးရင် မြန်မာပြည်မှာ လာဘ်မစားတဲ့စစ်သားကြီးဆိုတာသူဘဲဆိုပြီး ဆယ်ဖီတွေဆွဲကြ၊

၂၀၂၀ မှာပါတီထောင်တဲ့အထဲမှာလည်းပါလိုက်ရော ဆဲလိုက်ကြတာ၊

ဦးကျော်ဇေယျကြီး NLD ပါတီဝင်ပြီးဒဂုံမြို့နယ်မှာ ဝင်ပြိုင်တော့ မဲတွေဝိုင်းထည့်လိုက်ကြတာ၊

ဒါမှ စစ်သားစစ်စစ်ကြီးဟ တဲ့၊လူမှန်ကြီးဟ တဲ့၊

လွှတ်တော်ထဲမှာ တိုင်းအစိုးရလွဲသမျှမေးခွန်းတွေမေးပြီးထောက်ပြတော့ ပါတီကထုတ်ပစ်တယ်၊

PPP ပါတီထဲဝင်လိုက်ရော ဆဲလိုက်ကြတာ၊

ဒေါ်သက်သက်ခိုင် ၈၈ မှာ ပင်နီဝတ်ပြီးလက်သီးလက်မောင်းတန်းပြီးအော်ခဲ့တယ်၊ 

၂၀၁၅ မှာNLD ကဝင်ပြိုင်တယ်၊အရည်အချင်းရှိတဲ့ အမျိုးသမီး၊ဒါမှမေမေ့သမီး၊ငွေအားလူအားပြီးပြည့်စုံတဲ့
ပညာတတ်မြန်မာအမျိုးသမီး၊

 အမေ့နေရာအစားထိုးလို့ရနိုင်မယ့် အမတ်လောင်းဆိုပြီး မဲတွေဝိုင်းထည့်လိုက်ကြတာ၊
 
အစိုးရရဲ့လွဲမှားနေမှုတွေကို လွှတ်တော်ကတည့်မတ်ထိန်းကျောင်းရမယ့်တာဝန်ရှိတဲ့အမတ်မင်းတစ်ယောက်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ထောက်ပြဝေဖန်တော့ ပါတီကထုတ်ပစ်တယ်၊

သူကိုယ်တိုင်ဥက္ကဌလုပ်ပြီး ပါတီလည်းထောင်လိုက်ရော ဟား....ဝိုင်းဆဲလိုက်ကြတာ၊

အဲဒီတော့...
ခင်ဗျားတို့က ပါတီစုံစနစ်ကနေ တစ်ပါတီအာဏာရှင်စနစ်ကိုသွားချင်တာလားလို့မေးခွန်းထုတ်ရမလိုဖြစ်နေပြီ၊

NLD ပါတီမှလွဲလို့
တက်လာတဲ့ကျန်တဲ့ပါတီမှန်သမျှ ဝိုင်းဆဲနေကြတာ ပါတီစုံဒီမိုကရေစီစနစ်လား၊

ဦးကိုနီလေဆိပ်မှာသေနတ်နဲ့ပစ်ပြီးအကြမ်းဖက်သတ်ဖြတ်ခံရတုန်းက အကြမ်းဖက်ဝါဒ အလိုမရှိဆိုပြီးအော်လိုက်ကြ၊ဝမ်းနည်းလိုက်ကြ၊ဆန့်ကျင်လိုက်ကြတာ၊အဲဒီအထိမှန်တယ်၊နေ့ခင်းကြောင်တောင်လေဆိပ်မှာသေနတ်နဲ့ပစ်တဲ့ကိစ္စကျွန်တော်လည်းလက်မခံဘူး၊

အဲဒီအော်ခဲ့ငိုခဲ့ဝမ်းနည်းခဲ့ကြတဲ့အကြမ်းဖက်အလိုမရှိဆိုတဲ့သူတွေက 

အခုနေ့တိုင်း လူတွေကိုအကြမ်းဖက်သတ်ဖြတ်နေကြတာ ဘယ်လိုပြောရမလဲ၊
အခုတော့အကြမ်းဖက် အလိုရှိသွားကြတာလားလို့ 
မေးခွန်းထုတ်ချင်တယ်

မူရင်းပိုင်ရှင်ကိုခရက်ဒစ်ပါ။
via-KC

Post a Comment

Previous Post Next Post