မိမိတို့အနေဖြင့် နိုင်ငံတော်ကိုအရေးပေါ်အခြေအနေဖြင့် တာဝန်ယူဆောင်ရွက်နေရသည်ဖြစ်သော်လည်း အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများ အားလုံးတိုးတက်အောင် ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းမှ ရပ်တန့်နေ၍မရကြောင်း၊ ရပ်တန့်နေပါက ရပ်တန့်နေသည့် နယ်ပယ်၊ ရပ်တန့်နေသည့်ဒေသသည် ကျန်ခဲ့မည်ဖြစ်ကြောင်း။
မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အသစ်ထပ်မံချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် ....
Post a Comment