ကမ္ဘာ့စိုးရိမ်ပူပန်ရေးသမဂ္ဂ


(၇၈)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံအဖွင့်မိန့်ခွန်းပြောကြားတဲ့ ကု လသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဂူတာရက်စ် က မြန်မာ့အရေးစိုးရိမ်ပူပန်မှုကို ထည့်သွင်းပြောကြားသွားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်တစ်နှစ်အတွင်းပြောခဲ့တဲ့စိုးရိမ်ပူပန်ကြောင်းအရေအတွက်ကိုတစ်နှစ်ဝင်ငွေနဲ့စားပြီးစိုးရိမ်ကြောင်းတစ်ကြိမ်ပြောရင် ဒေါ်လာဘယ်လောက်ရတယ်လို့ တွက်ပြလာတဲ့အထိ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အလုပ်ဟာ စိုးရိမ်ပူပန်ကြောင်းပြောပြီးလစာထုတ်စားနေတဲ့အလုပ်လို့ လှောင် ပြောင်လာကြတဲ့အထိဖြစ်နေပါတယ်။

အမှန်တကယ်လည်း ကမ္ဘာကြီးတစ်နေရာမှာ တစ်ခုခုဖြစ်တာနဲ့ စိုးရိမ်ပူပန်ကြောင်းပြောရုံကလွဲလို့ ဘာမှ မလုပ်နိုင်တဲ့အတွက် နိုင်ငံတွေက ကုလသမဂ္ဂကိုယုံကြည်လေးစားမှုမရှိကြတော့ဘဲ မိမိအကျိုးစီးပွားအတွက်အသုံးချခံစင်မြင့်တစ်ခုအဖြစ်သာ သဘောထားလာကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂကိုယ်တိုင်ကလည်းစတင်ဖွဲ့စည်းခဲ့စဥ်က ရည်ရွယ်ချက်ကောင်းများနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် အမေရိကန်အနောက်အုပ်စု ဘက် ဘက်လိုက်မှုတွေ ကြောင့် ယုံကြည်လေးစားမှုတွေကင်းမဲ့လာကြပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက်တွေချချင်သလောက်ချ ၊ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်ဖြစ်လာကြပါတယ်။

"မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေ၊ပိုမိုဆိုးရွားလာနေတဲ့ ငတ်မွတ် ခေါင်းပါးမှုတွေ အပြင်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးအတွက် မျှော်လင့်ချက်တွေ ဟာလည်း ရိုက်ချိုးဖျက်ဆီးခံနေရတယ်"လို့ ကုလအတွင်းရေးမှုးချုပ်ကပြောကြားသွားပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုတွေကျူး လွန်နေတဲ့ NUG,PDFကို ဒီမိုကရေစီသူ ရဲကောင်းတွေအဖြစ်မြှောက်ပေးနေတာကုလသမဂ္ဂဖြစ်ပါတယ်။

အမေရိကန်အနောက်အုပ်စုစပွန်ဆာလုပ်ပြီးကုလသမဂ္ဂအဖွဲ့ကဖွဲ့တယ်ဆိုတဲ့ မြန်မာ့အရေးလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တယား(IIMM)တို့ ၊မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တို့အပါအဝင်ကုလအဖွဲ့အစည်းပေါင်းများစွာ ဟာ NUG လက်အောက်ခံ ပကဖ၊ပအဖ၊PDF တွေမုဒိန်းကျင့်လူသတ်တဲ့အကြမ်းဖက်မှုတွေဖုံးမရဖိမရ လူသိရှင်ကြား အထင်အရှားဖြစ်ပျက်နေတာကိုတစ်ခုမှမဖော်ပြကြဘဲ တပ်မတော်ကလုပ်တယ်လို့သာမျက်စိမှိတ် အော်နေကြတာဖြစ်လို့ ဂူတာရက်စ်ပြောတဲ့မြန်မာပြည်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်အောင် မီးထိုးပေးနေတာ ကုလသမဂ္ဂကိုယ်တိုင်ဖြစ်ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးဟာ ရွေးကောက်ပွဲကျင်းပ၊အနိုင်ရပါတီကိုအာဏာပြန်အပ် ဆိုတဲ့ လမ်းကြောင်းကြီးအထင်အရှားရှိနေပြီးသားဖြစ်ပါတယ်။ဒီလမ်းကြောင်းပေါ်မရောက်အောင်ဖျက်ဆီးနေတဲ့အကြမ်းဖက်NUG,PDFကို အားပေးမြှောက်ပင့်နေတာ ကုလသမဂ္ဂကိုယ်တိုင်ဖြစ်လို့ မြန်မာပြည်ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်ရေးကို ရိုက်ချိုးဖျက်ဆီးနေတာ ကုလသမဂ္ဂသာဖြစ်ပါတယ်။

အချုပ်အခြာ အာဏာပိုင်နိုင်ငံတိုင်းဟာ မိမိရေမြေသဘာဝ သမိုင်းနောက်ခံအရ သင့်လျှော်တဲ့အုပ် ချုပ်မှုစနစ်နဲ့ အုပ်ချုပ်ကြတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအားလုံးဒီမိုကရေစီနိုင်ငံဖြစ်အောင်လုပ်ရမယ်လို့ ကုလသမဂ္ဂကိုတာဝန်ပေး အပ်ထားတာလည်း မဟုတ်တဲ့အတွက် ဘယ်စနစ်နဲ့အုပ်ချုပ်သည်ဖြစ်စေ ကုလ သမဂ္ဂက စိုးရိမ်ပူပန်နေရမယ့်အလုပ်လည်းမဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်မကျင့်သုံးတဲ့ နိုင်ငံပေါင်းများစွာရှိနေတာကို ဘာမှမပြောဘဲ မြန်မာနိုင်ငံကျမှ  ဒီမိုကရေစီနိုင်ငံမဖြစ်မှာထူးထူးခြားခြားစိုးရိမ်ပူပန်နေတယ်ဆိုကတည်းက ကုလသမဂ္ဂကြီးရဲ့စိုးရိမ်ပူပန်မှုဟာ ပုံမှန်မဟုတ်ဘူးဆိုတာသိသာထင်ရှားနေပြီ ဖြစ်ပါတယ်။

#ThaungLwinHein

Post a Comment

Previous Post Next Post